ရွာအပြန် ချောင်းကို ဖြတ်ကူးစဉ် ကျောင်းသားများ ရေစီးနှင့်မျောပါပြီး ၁ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး

ရွာအပြန် ချောင်းကို ဖြတ်ကူးစဉ် ကျောင်းသားများ ရေစီးနှင့်မျောပါပြီး ၁ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး
by -
ဇော်မျိုးသန့်

ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လာရောက်ပညာ သင်ကြားလျှက်ရှိသည့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျောင်းသား၊ကျောင်းသူ ၆ ဦးနှင့် လာကြိုသူ အမျိုးသမီး ၁ ဦးတို့ ရေစီးနှင့်မျောပါသွားခဲ့ကြောင်း သိရသည်။

သီးကုန်းကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ကျလောင်ချောင်း ဖျားကျေးရွာမှ မူလတန်းကျောင်းသား ၄ ဦး၊ ကျောင်းသူ ၂ ဦး နှင့် ကလေးများကို လာကြိုသူ အမျိုးသမီး ၁ ဦး တို့ ဇွန် ၇ ရက် နေ့ ညနေပိုင်းက သီးကုန်းကျေးရွာမှ ရွာသို့အပြန် ချုပ်ချောင်းကိုဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် ၃ ဦးကို အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က တတိယတန်းကျောင်းသား မောင်နိုင်းလိန်းအလောင်း(၉ နှစ်)အား ဆောမြို့နယ်၊ လယ်ရင်းကျေးရွာအနီး ၆ ဖာလုံခန့်အကွာ၌ ရှာဖွေတွေ့ရှိခဲ့ပြီး ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပျောက်ဆုံးသူ ၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ယမန်နေ့က အဆိုပါရေစီးနှင့်မျောပါသည့် ၇ ဦးတွင် ဇွန်လ ၇ ရက်၊ ညနေ ၅ နာရီခွဲခန့်က သီးကုန်းကျေးရွာ သုသာန်အနီး ချောင်းစပ်ချုံပုတ်တွင်အဖ စတုတ္ထတန်းကျောင်းသူ မပန်မနား( ၁၀ နှစ်) ကို သီးကုန်းကျေးရွာနေ ဦးစိုးလွင်က နွားကျောင်းအပြန် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။

ထို့နောက် အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ပိုင်းဟုန်း နှင့် ၈ နှစ်အရွယ် ပထမတန်း ကျေ ာင်းသား မောင်ထန်းဟုန်းကို စတင်ရေကူးသည့်နေရာနှင့်   နှစ်ဖာလုံခန့်အကွာ ချောင်းစပ်ချုံပုတ်တွင် အဆိုပါနေ့ ညနေ ၆ နာရီခွဲခန့်ကအသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ရသည်။

ကျန်ရှိသည့် ၄ ဦးတွင် ကျောင်းသို့လာရောက်ကြိုသူ အသက် ၅၀ နှစ်အရွယ် ဒေါ်လေးဟုန် (အသက် ၅၀ ) နှင့် အဖ ဦးလိန်းထုံ၊ အမိဒေါ်လိုင်းထန်းတို့၏သားသမီးများဖြစ်သည့် တတိယတန်းကျောင်းသား မောင်နိုင်းလိန်း ( ၉ နှစ်- သေဆုံးတွေ့ရှိ) ၊ ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသား မောင်ထုံလိန်း ( ၈ နှစ်) နှင့် KG ကျောင်းသူ မလှူးလိန်း (၅ နှစ်) တို့အား ချောင်းရိုးတစ်လျှောက် ရှာဖွေလျက်ရှိသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...