၆၆ (ဃ)ဖြင့်နာမည်ကြီးနေသော ရမ်းဗြဲအမတ် ရဲစခန်းတွင် ကိုယ်တိုင် သွားရောက်အဖမ်းခံမည်

၆၆ (ဃ)ဖြင့်နာမည်ကြီးနေသော ရမ်းဗြဲအမတ် ရဲစခန်းတွင် ကိုယ်တိုင် သွားရောက်အဖမ်းခံမည်
by -
မာန်ယုကျော် (ရွှေဝမြေ)
ဇွန် ၇ ရက်နေ့ လွှတ်တော်အပြီးတွေ့ရသော ဦးသန်းမောင်ဦး
ဇွန် ၇ ရက်နေ့ လွှတ်တော်အပြီးတွေ့ရသော ဦးသန်းမောင်ဦး

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသဖြင့် နာမည်ကြီးနေသော ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မရဲစခန်းသို့ ကိုယ်တိုင် သွားရောက် အဖမ်းခံမည်ဟု သတင်းရရှိသည်။

"လာဖမ်းစရာမလိုပါဘူး။ ဂုဏ်သရေရှိလူပဲ။ ထွက်လို့လည်း မပြေးပါဘူး။ သူတို့အဲဒီဖမ်းမယ့်နေရာကို သွားမှာ "ဟု ဦးသန်းမောင်ဦးက ဇွန်လ ၇ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကိုပြောသည်။

ဦးသန်းမောင်ဦး ရဲစခန်းတွင် အဖမ်းခံရန် သွားရောက်စဉ် ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချို့မှလည်း ခြံရံ လိုက်ပါပို့ဆောင်ပေးသွားမည်ဟု သိရသည်။

"ဦးသန်းမောင်ဦးကို မနက်ဖြန် ၁၁ နာရီမှာ မြို့မရဲစခန်းသို့ သွားရောက် အဖမ်းခံမယ်။ လွှတ်တော်ကိုယ်စားလှယ် အချို့က ခြံရံ လိုက်ပါ ပို့ဆောင်ပါမယ်” ဟု ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ဆိုသည်။

ရမ်းဗြဲမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးသည် ဇွန်လ ၂ ရက်နေ့က သူ၏ Facebook စာမျက်နှာဖြစ်သော Than Maung Oo အကောင့်တွင် ယခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းအား မှားယွင်းဖော်ပြခဲ့သဖြင့် ပြည်နယ် အစိုးရမှ တရားစွဲဆိုရန် ညွှန်ကြားသဖြင့် ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်၍ စစ်တွေမြို့မ ရဲစခန်းတွင် ၆၆ (ဃ)ပုဒ်မဖြင့် ဇွန်လ ၃ ရက်နေ့တွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

ဦးသန်းမောင်ဦးသည် ရခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားပြု ရွေးကောက်ခံထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော်လည်း လောလောဆယ်တွင် ပါတီမှ နှုတ်ထွက်စာတင်ထားသည်ဟု သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...