ရခိုင်ပြည်နယ်တွင် အထက်တန်းပြဆရာ ၆၀၀ ကျော်လိုအပ်နေ

ရခိုင်ပြည်နယ်တွင် အထက်တန်းပြဆရာ ၆၀၀ ကျော်လိုအပ်နေ

ရခိုင်ပြည်နယ်တွင် အထက်တန်းပြ ဆရာ ၆၀၀ ကျော် လိုအပ်နေကြောင်း ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောဆိုသည်။

ကနဦး လိုအပ်နေသည့် အထက်တန်းပြဆရာမှာ ၄၉၇ ဦးဖြစ်ကြောင်း၊ ယင်းလစ်လပ်နေရာများ အတွက် ၁၈၄ ဦးကိုသာ ခန့်အပ်နိုင်ခဲ့သဖြင့် ၃၁၃ ဦး လစ်လပ်နေခဲ့ကြောင်း၊ ယခုအခါ အထက်တန်းကျောင်း ၅၀ ကျော်တိုးလာသဖြင့် နောက်ထက် အထက်တန်းပြဆရာ ၃၆၅ ဦးလိုအပ်နေကြောင်း၊ စုစုပေါင်း လိုအပ်နေသည့် ကျောင်းဆရာ အရေအတွက်မှာ ၆၇၈ ဦးဖြစ်ကြောင်း လက်ထောက်ပညာရေးမှူးက ပြောဆိုသည်။

“ ပထမ ကနဦး လစ်လပ်လိုအပ်နေတာက အထက်တန်းပြ ဆရာ ၄၉၇ ဦးလိုအပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဘီအီးဒီ ပီးတာရယ်၊ ဘီအီးဒီ ဒုတိယနှစ်ဖြေထားတာရယ်၊ အမ်းအေ၊ အမ်းအက်စ်စီရယ် စုစုပေါင်း ၁၈၄ ဦးကို ခန့်နိုင်ပါတယ်။ ဒါပေမယ့် နောက်ထက် ၃၁၃ ဦး လိုအပ်နေပါတယ်။ အခုတစ်ခါ ရခိုင်ပြည်နယ်မှာ အထက်တန်းကျောင်း ၁၇ ကျောင်း၊ အထကခွဲက ၄၀ ကျောင်းတိုးလာတော့ နောက်ထပ် အထက်တန်းပြဆရာက ၃၆၅ ဦးလိုအပ်နေပါတယ်။ နှစ်ခုပေါင်းရင် အထက်တန်းပြဆရာ ၆၇၈ ဦးလိုအပ်နေပါတယ်” ဟု ပြောကြားသည်။

အထက်တန်းပြဆရာ အဓိက လိုအပ်နေသည့် မြို့နယ်မှာ မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မာန်အောင်၊ ဂွ နှင့် မြေပုံမြို့နယ်တို့ ဖြစ်ပြီး အထက(ခွဲ) တစ်ကျောင်းအတွက် ဆရာ ဆရာမ ၇ ဦးစီ လိုအပ်သည်ဟု သိရသည်။

“ အခုလို လိုအပ်နေတာကို ပြည်နယ် အစိုးရကို ပထမ တင်ပြပါမယ်။ အစိုးရရဲ့ မှတ်ချက်နဲ့ အခြေခံပညာ ဦးစီးဌာနကို ဆက်တင်ပြသွားပါမယ်” ဟု ရခိုင်ပြည်နယ် လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းအလယ်တန်း၊ မူလတန်းအတွက်လည်း ဆရာ ဆရာမ လိုအပ်နေကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ၎င်းအဆင့်အတွက် ပြသနာမရှိကြောင်း၊ အထက်တန်းတွင် ဘာသာရပ်အလိုက် သူ့မေဂျာနဲ့သူ သင်ပြနိုင်သော ဆရာ ဆရာမများလိုအပ်နေ၍ အခက်အခဲတွေ့ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

ယခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်းသာ ရှိပြီး အထက်တန်းကျောင်းများ အပါအဝင် အထက(ခွဲ) ၂၅ ကျောင်းတွင် ကျောင်းသား တစ်ဦးမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...