၄၄ နှစ်မြောက် ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

၄၄ နှစ်မြောက် ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
by -
ဒေါင်းလူ

 ၄၄ နှစ်မြောက်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်နေ့ဟု အမည်ပေးထားသောကိုအခမ်းအနားတစ်ရပ်ကို ဇွန်လ ၆ ရက်နေ့၊ နံနက်ပိုင်း က ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ စိတ်တိုင်းကျခန်းမတွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစုရဲဘော်ဟောင်းများက ဦးဆောင်ပြီး ဝါရင့်နိုင်ငံရေးသမားများ စုပေါင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု ရဲဘော်ဟောင်းများ၏ ရည်မှန်းချက်များ မပြည့်ဝသေးသည့်အတွက် ဆက်လက်တိုက်ပွဲဝင် သွားရမည်ဖြစ်သည်ဟု ၇၄-၇၅-၇၆ နိုင်ငံ ရေးအင်အားစုဦးဆောင်ကော်မတီဝင် ဦးဌေးအောင်က မဇ္ဈိမသို့ ပြောသည်။

"၇၄-၇၅-၇၆ ရဲ့စစ်အာဏာရှင်ချုပ်ငြိမ်းရေး ရည်မှန်းချက်က မပြီးမြောက်သေးပါဘူး၊ ဒီမိုကရေစီဆိုတာလည်း အမည်ခံလောက်သာဖြစ်ပြီးတော့ တကယ့်ဒီမိုကရေစီစစ်စစ် ကို ပြည်သူလူထုက တကယ်မခံစားရသေးဘူး၊ အဲဒီအတွက် တိုက်ပွဲမပြီးဆုံးသေးဘူးလို့ ယူဆထားတယ်၊ အဲဒီအတွက် နောက်မျိုး ဆက် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားရဲဘော်တွေ၊ စစ်မှန်တဲ့ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံရေးအင်အားစုအားလုံးနဲ့ လက် တွဲပူးပေါင်းပြီး ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်" ဟု ၇၄-၇၅-၇၆ နိုင်ငံ ရေးအင်အားစု ဦးဆောင်ကော်မတီဝင် ဦးဌေးအောင်က ပြောသည်။

အခမ်းအနားတွင် ၇၄-၇၅-၇၆ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ အလုပ်သမားခေါင်းဆောင်ဟောင်းများနှင့် မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များလည်း တက်ရောက်ပြီး အမှတ်တရစကား ပြောကြားခဲ့ကြသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံ ရေးအင်အားစုများနှင့်ပူပေါင်းဆောင်ရွက်သွားမည်ဟု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုက ယင်းခမ်းအနားကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

NLDအစိုးရအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်စေချင်သည်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်၏ သတင်းနှင့်ပြန်ကြာရေးအဖွဲ့ဝင် ဦးချစ်ဆောင်ဦးက ပြောသည်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆို တာ ကတိပေးတယ်၊ ဒေါ်စုအပါအဝင် NLD အဖွဲ့က အကုန်လုံးကတိပေးတယ်၊ အဲဒီတော့ အစိုးရဖြစ်လာပြီဆိုရင် လူထုကိုပေးထားတဲ့ ကတိက တည်ကိုတည်ရမယ်၊ ကျွန်တော်တို့ က ပြင်စေချင်တယ်၊ ဖျက်ရေးမလုပ်ရဲရင်၊ မလုပ်ဝံ့ရင် ပြင်ဖို့တော့ အစွမ်းကုန်ကြိုးစားစေချင်တယ်၊ အရေးပါတဲ့အချက်အလက်တွေ ပြင်ပြီးတော့ ဒီမိုကရက်တစ်အရွေ့ပေါ့ဗျာ၊ အဲဒါ သွားစေချင်တယ်" ဟု ဆရာကြီးသခင် ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်၏ သတင်းနှင့်ပြန်ကြာရေးအဖွဲ့ဝင် ဦးချစ်ဆောင် ဦး က ပြောသည်။

 ယင်းအခမ်းအနားကို ၇၄-၇၅-၇၆ သပိတ် မှောက် ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ အလုပ်သမားခေါင်းဆောင်ဟောင်းများ၊ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေး ပါတီများလည်း တက်ရောက်ခဲ့ကြသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...