မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လတာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုသုံးသပ်သလဲ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လတာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုသုံးသပ်သလဲ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လ)အထိ ခြောက်လတာ အစီရင်ခံစာကို မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဦးအောင်ကျော်သူက ယခုလို သုံးသပ်ထားသည်။

ဦးအောင်ကျော်သူ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်

“တချို့ဟာတွေက ယေဘုယျအရမ်းဆန်လွန်းတယ်။ အရင်ကလည်းအစီရင်ခံစာအဆက်ဆက်က ဒီလိုပဲ တင်လာခဲ့တယ်။ ပြောချင်တာက တစ်ခုခု CREATE လုပ်ပြီးကိုယ့် ဘာသာ ဆန်းသစ်ပြီး လုပ်ထားတာမျိုးုဖြစ်စေချင်တယ်။ ဥပမာပြောရရင် ကျောက်မိုင်းကိစ္စတွေပေါ့။ လုပ်ငန်းရှင်တွေကို မြေပြင်ကွင်းဆင်းစစ်ဆေးမယ်ဆိုရင် အခွန်တိုးရရင်ရလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ် အနီးစပ်ဆုံးရတဲ့ ဝင်ငွေမျိုးကိုလိုချင်တာ။ အစီရင်ခံစာတင်တဲ့အခါ သက်ဆိုင်ရာကအလုပ်တွေ မပြီးရင်မပြီးတဲ့အကြောင်းတင်ပေါ့။ ပြီးတယ်လို့တင်လာပြီး မြေပြင်မှာကအလုပ်တွေမပြီးတာတွေရှိနေတယ်။ လွှတ်တော်ကိုဖုံးကွယ်ပြီးပြောနေတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ မပြီးရင်လည်းပြဿနာမရှိဘူး။ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအရ လုပ်လို့ရတယ်။ ဒါပေမယ့် မပြီးတာကိုပြီးတယ်လို့ပြောတယ်။ ဒါမျိုးတွေမဖြစ်စေချင်ဘူး။ မြေပြင်ကတကယ့်ဖြစ်ပျက်နေတဲ့ကိစ္စတွေကိုပဲ လိုချင်တာ။ အဲ့တာမှဘာဆက်လုပ်ရမလဲဆိုတာ ကြီးကြပ်လို့ရမှာ အောက်မှာမပြီးဘဲ အပေါ်မှာပြီးတယ်ဆိုပြီးအေးဆေးနေတဲ့အခါ ဘတ်ဂျက်ဆိုတာနှစ်စဉ်သွားနေတာ ဒီဘတ်ဂျက်မှာမပြီးဘဲ နောက်ဘတ်ဂျက်မှဆိုရင် အလုပ်တွေပိုများလာပြီး လုပ်ငန်းပြီးစီးမှုမရှိတာတွေ ရှိလာမယ်။"

ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ်

“မြေပြင်မှာလုပ်တာနဲ့ လိုင်စင်ရဖို့လျှောက်တာတွေကတခြားစီဖြစ်နေတယ်။ ဒါတွေကိုမသိဘူးလားမေးရင်သိတယ်။ အရေးယူလားဆိုရင် အရေးမယူဘူး။ အစိုးရရဲ့အစီရင်ခံစာမှာပါတာနဲ့ မြေပြင်အနေအထားကတခြားစီပဲ။ အထွေထွေအုပ်ချုပ်ရေးဌာနက အစိုးရဆီတင်ပြတာတစ်မျိုးလား မြေပြင်မှာလုပ်နေတာကတစ်မျိုးလား ဒါတွေဟာအစိုးရသိဖို့ကောင်းတယ်။ အစီရင်ခံစာဆိုတာက လွှတ်တော်ကိုတင်တယ်ဆိုတာ ပြည်သူလူထုတွေကိုတင်ပြတာ ဒီကိစ္စတွေဟာ ပြည်သူလူထုက ကန့်ကွက်လို့ ပြည်သူကမေးခိုင်းလို့ လွှတ်တော်မှာမေးခဲ့တာ။ ပြည်သူလူထုကိုအစီရင်ခံတဲ့ အစီရင်ခံချက်တွေဟာ လုံးဝမှားနေတယ်။ လိုင်စင်မဲ့အရက်ဆိုင်တွေဖမ်းတယ်။ ဒါပေမယ့်သေးသေးလေးတွေဖမ်းတယ်။ ဘီယာငါးဘူးတို့ အရက်ဘယ်နှစ်ပေပါတို့ အချို့ဆိုင်ကြီးတွေမှာ လိုင်စင်နဲ့ရောင်းတာတွေက တခြားစီဖြစ်နေတယ်။ ဒါတွေကြောင့်ထောက်ပြတာပါ။"

ဓာတ်ပုံ-MOI
April 4, 2026
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ...
ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...