၆၆ ဃ နှင့် အမှုဖွင့်ခံရသည့် ရခိုင်အမတ်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးခွင့်ပြုမည်

၆၆ ဃ နှင့် အမှုဖွင့်ခံရသည့် ရခိုင်အမတ်ကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်း ဖမ်းဆီးခွင့်ပြုမည်
ဓာတ်ပုံ - ဦးသန်းမောင်ဦး( Facebook)
ဓာတ်ပုံ - ဦးသန်းမောင်ဦး( Facebook)

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းမှ ဥပဒေနဲ့ အညီ ဖမ်းဆီး စစ်ဆေးခွင့် ပြုနိုင်မယ်လို့  ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းက RiA ကို ပြောပါတယ်။

“အရေးပေါ်အစည်းဝေးက ဇွန်လ ၈ ရက်နေ့ထိ ရှိတယ်လေ။ ဒါကြောင့် ၈ ရက်နေ့ နောက်ပိုင်းမှ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ပါ ဆိုတာကို စာထုတ်ထားပါတယ်”လို့ ဦးမြသန်းက ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တရားစွဲဆိုရင် ဖမ်းဆီးစစ်ဆေးနိုင်ဖို့ လွှတ်တော်ဥက္ကဌဆီက ခွင့်ပြုချက် ယူရမှာဖြစ်ပြီး လွှတ်တော် အစည်းဝေး ကျင်းပပြီးဆုံးချိန်မှာ လွှတ်တော် ဥက္ကဌက ဖမ်းဆီးစစ်ဆေးခွင့် ပြုပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှု နိမ့်ကျနေတာတွေအပါဝင် ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်ရေး ယန္တရားပိုင်း ကို  ဝေဖန်ရေးသားခဲ့ပါတယ်။

ဝေဖန်ရေးသားချက်နဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို အမှုဖွင့်ပေးဖို့ ပြည်နယ် အစိုးရအဖွဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်ပြီး ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) မြို့မ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

အမှုဖွင့် အရေးယူထားတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဖမ်းဆီး စစ်ဆေးခွင့်ပြုဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဇွန်လ ၃ ရက်နေ့က ပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြခဲ့ပါတယ်။

လက်ရှိမှာ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းဝေး ကျင်းပနေဆဲ ကာလဖြစ်တာကြောင့် ပြည်နယ် လွှတ်တော်က ဖမ်းဆီးခွင့် မပြုခဲ့ဘဲ လွှတ်တော် အရေးပေါ်အစည်းဝေး ပြီးဆုံးချိန် ဇွန်လ ၈ ရက်နေ့ နောက်ပိုင်းမှ ဖမ်းဆီးစစ်ဆေးခွင့် ပြုနိုင်မယ်ဆိုတာကို ပြည်နယ်လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ကို စာပို့ အကြောင်းကြားခဲ့တာလဲ ဖြစ်ပါတယ်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...