၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ၆ ဘာသာဂုဏ်ထူးရှင် ၁၇ ဦးထွက်ပေါ်ခဲ့ရာ စစ်တွေခရိုင်မှ ၁၃ ဦးပါဝင် ရခိုင်ပြည်နယ် ပညာရေးမှူးရုံး စာရင်းဇယားအရ သိရသည်။
ခရိုင်အလိုက် ဂုဏ်ထူးရကျောင်းသားများမှာ စစ်တွေခရိုင်တွင် ၆ ဘာသာ ၁၃ ဦး၊ ၅ ဘာသာ ၂၀ ဦး၊ ၄ ဘာသာ ၂၃ ဦး၊ ၃ ဘာသာ ၃၃ ဦး၊ ၂ ဘာသာ ၆၆ ဦးနှင့် ၁ ဘာသာ ၂၂၃ ဦးဖြစ်သည်။
သံတွဲခရိုင်မှ ဂုဏ်ထူးရ ကျောင်းသားများမှာ ၆ ဘာသာ ၃ ဦး၊ ၅ ဘာသာ ၂၀ ဦး၊ ၄ ဘာသာ ၁၁ ဦး၊ ၃ ဘာသာ ၃၁ ဦး၊ ၂ ဘာသာ ၅၂ ဦးနှင့် ၁ ဘာသာ ၃၀၆ ဦးဖြစ်သည်။
ကျောက်ဖြူခရိုင်မှ ဂုဏ်ထူးရကျောင်းသားများမှာ ၆ ဘာသာ ၁ ဦး၊ ၅ ဘာသာ ၇ ဦး၊ ၄ ဘာသာ ၁၀ ဦး၊ ၃ ဘာသာ ၁၇ ဦး၊ ၂ ဘာသာ ၅၄ ဦးနှင့် ၁ ဘာသာ ၂၁၁ ဦးဖြစ်သည်။
မြောက်ဦးခရိုင်မှ ဂုဏ်ထူးရကျောင်းသားများမှာ ၅ ဘာသာ ၃ ဦး၊ ၄ ဘာသာ ၃ ဦး၊ ၃ ဘာသာ ၁၈ ဦး၊ ၂ ဘာသာ ၃၇ ဦးနှင့် ၁ ဘာသာ ၂၀၈ ဦးဖြစ်သည်။
မောင်တောခရိုင်မှ ဂုဏ်ထူးရကျောင်းသားများမှာ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၅ ဦး၊ ၃ ဘာသာ ၅ ဦး၊ ၂ ဘာသာ ၆ ဦးနှင့် ၁ ဘာသာ ၃၄ ဦးဖြစ်သည်။
ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဂုဏ်ထူးရကျောင်းသားများမှာ ၆ ဘာသာ ၁၇ ဦး၊ ၅ ဘာသာ ၅၄ ဦး၊ ၄ ဘာသာ ၅၂ ဦး၊ ၃ ဘာသာ ၁၀၄ ဦး၊ ၂ ဘာသာ ၂၁၅ ဦးနှင့် ၁ ဘာသာ ၉၈၂ ဦးဖြစ်ပြီး စုစုပေါင်း ဂုဏ်ထူးရှင် ၁၄၂၄ ဦးဖြစ်ကြောင်း သိရှိရသည်။
စစ်တွေမြို့မှ ၆ ဘာသာ ဂုဏ်ထူးရှင် မခိုင်ဝေဝေကျာ်က “သမီးက ၆ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပါတယ်။ သမီးဒီနေ့ အရမ်းဝမ်းသာပါတယ်။ တစ်နှစ်လုံး ကြိုးစားခဲ့ရတာတွေလည်း အကုန်လုံးအောင်မြင်ပြီးတော့ ၆ ဘာသာလည်း ပါတယ်ဆိုတော့ အရမ်း ဝမ်းသာပါတယ်။ တက္ကသိုလ်နှစ်ခုတော့ မှန်းထားပါတယ်။ နိုင်ငံခြားဘာသာ တက္ကသိုလ်က အင်္ဂလိပ်စာ မေဂျာလည်း ယူချင်တယ်။ ပြီးတော့ ဆေးတက္ကသိုလ်လည်း တက်ချင်ပါတယ်။ အဲ့တာတွေကို မိဘတွေနဲ့ တိုင်ပင်ပြီးမှ အသေအချာ ဆုံးဖြတ်ရမှာပါ”ဟု ပြောသည်။
ယခုနှစ်တွင် စစ်တွေမြို့ ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်းမှလည်း ၆ ဘာသာ ဂုဏ်ထူးရှင် တစ်ဦး ထွက်ရှိခဲ့သည်ဟု သိရသည်။







