ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်း ၂၅ ကျောင်းရှိ

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သည့် ကျောင်း ၂၅ ကျောင်းရှိ
ရခိုင်ပြည်နယ်မှ မူလတန်းကျောင်း တစ်ကျောင်းကို ယခုလ အတွင်းတွေ့ရစဉ်
ရခိုင်ပြည်နယ်မှ မူလတန်းကျောင်း တစ်ကျောင်းကို ယခုလ အတွင်းတွေ့ရစဉ်

၂၀၁၇-၂၀၁၈ စာသင်နှစ်အတွင်း ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုကြသည့် ကျောင်းများအထဲမှ ကျောင်းသား တစ်ဦးမှ မအောင်မြင်သည့် ကျောင်းပေါင်း ၂၅ ကျောင်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာန စီမံနှင့် ကြီးကြပ်ဌာနသို့ နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းပေါင်း ၂၅ ကျောင်းရှိကြောင်းကို ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်မှ အတည်ပြု ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း မအောင်မြင်ခဲ့သည့် ကျောင်းများမှာ မြောက်ဦးမြို့နယ်မှ ပျားတဲ(ထ-ခွဲ)၊ သင်းကျပ်တော် (ထ-ခွဲ)နှင့် တောင်ဦး (ထ-ခွဲ)။ ကျောက်တော်မြို့နယ်မှ တင်းမ (ထ-ခွဲ)နှင့် ခွဆုံ (ထ-ခွဲ)။ ကျောက်ဖြူမြို့နယ်မှ အဝပြင် (ထ-ခွဲ)၊ မာန်အောင်မြို့နယ်မှ အိုးဝ (ထ-ခွဲ)နှင့် ကိုယ်ပိုင်ကျောင်း အောင်သပြေ။ ဂွမြို့နယ်မှ စေတီပြင် (ထ-ခွဲ)၊ တောင်ကုတ်မြို့နယ်မှ ကင်းတောင် (အထက)နှင့် ကံဒွေ (ထ-ခွဲ)။ သံတွဲမြို့နယ်မှ ကွင်းဝိုင်း (ထ-ခွဲ) တို့ ဖြစ်ကြသည်။

၎င်းပြင် မြေပုံမြို့နယ်မှ ဝက်ခေါင်း (ထ-ခွဲ)နှင့် ကြက်ရေ (ထ-ခွဲ)။ ဘူးသီးတောင်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းများမှာ ဖောင်တော်ပြင် (ထ-ခွဲ)၊ ညောင်ချောင်း(ထ-ခွဲ)နှင့် ဖုံညိုလိပ် (ထ-ခွဲ)တို့ ဖြစ်ကြသည်။

မောင်တောမြို့နယ်မှ တက္ကသိုလ် ဝင်တန်း မအောင်မြင်သည့် ကျောင်းအရေအတွက်မှာ အများဆုံးဖြစ်ပြီး ၎င်းကျောင်းများမှာ အလယ်သံကျော် (အထက)၊ ကြိမ်ချောင်း(အထက)၊ ခမောင်းဆိတ် (အထက)၊ အင်းဒင် (ထ-ခွဲ)၊ ကျီးကန်းပြင်(ထ-ခွဲ)၊ တမန်းသား (ထ-ခွဲ)၊ အောင်သပြေ(ထ-ခွဲ)နှင့် ဘဂုဏ (ထ-ခွဲ) တို့ ဖြစ်ကြသည်။

“ စုစုပေါင်း ၂၅ ကျောင်းဖြစ်ပါတယ်။ အများစု ကျောင်းတွေကတော့ အထက်တန်း ကျောင်းခွဲတွေ ဖြစ်ကြပါတယ်” ဟု ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ၂၀၁၈ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၄၀၁၈၀ ဦးရှိပြီး ၎င်းအထဲမှ ၈၆၂၀ ဦးအောင်မြင်ခဲ့သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...