တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဆွေးနွေး

တတိယအကြိမ်ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ်များဆွေးနွေး
by -
စိုးသူအောင်

တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိတ်ဆို့နေသည့် အချက်များကို အစိုးရ၊ တပ်မတော်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ဆွေးနွေးနေကြသည်။

အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းဗဟိုဌာနတွင် မေ ၃၀ ရက်တွင် တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။

“ ညီလာခံဟာ တစ်ကြိမ်တည်းနဲ့ ကျင်းပပြီးအဖြေရှာလို့ ရတဲ့ကိစ္စမဟုတ်ဘူး။ ဒါကြောင့် ညီလာခံ ကျင်းပဖို့ လိုသလို ကျင်းပတဲ့အချိန်မှာလည်း အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးရလဒ်တွေ ရရှိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးဆွေးနွေးနိုင်ဖို့၊ ကျော်လွှားနိုင်ဖို့၊ နည်းလမ်းတွေ ရှာနေတယ်လို့ပဲ ပြောချင်ပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ရဲဘော်သံခဲက ပြောသည်။

၂၁ ရာစုပင်လုံကို ၆ လတစ်ကြိမ်ကျင်းပရန် သဘောတူညီထားသော်လည်း၂၀၁၇ ခုနှစ်မေလ ၂၈ ရက်နေ့က ဒုတိယအကြိမ်ကျင်းပခဲ့ပြီး မကျင်းပနိုင်ခဲ့သည်မှာ တစ်နှစ်ကျော်နေပြီလည်း ဖြစ်သည်။

တတိယအကြိမ်ညီလာခံကို လတ်တလောတွင် ဇွန်လနှောင်းပိုင်းအတွင်း ပြုလုပ်ရန် ခန့်မှန်းထားကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု တပ်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားခြင်း လည်း ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...