လူမျိုး​ရေးနှိပ်​ကွပ်​ရန်​ ဖမ်​းဆီးခဲ့ခြင်​းဟု နိုင်​ငံ​တော်​ပုန်​ကန်​မှုဖြင်​့ တရားစွဲဆိုခံ​နေရ​သော ​ဝေဟင်​​အောင်​ ဆို

လူမျိုး​ရေးနှိပ်​ကွပ်​ရန်​ ဖမ်​းဆီးခဲ့ခြင်​းဟု နိုင်​ငံ​တော်​ပုန်​ကန်​မှုဖြင်​့ တရားစွဲဆိုခံ​နေရ​သော ​ဝေဟင်​​အောင်​ ဆို

ရခိုင်လူမျိုးကို လူမျိုးရေးအရ နှိပ်ကွပ်ရန်နှင့် နိုင်ငံရေးအရလုပ်ကြံရန် အကြံအစည် တို့ဖြင့် မိမိတို့အား တရားစွဲဆို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရုံးတင်စစ်ဆေးခြင်းခံနေရသည့် ရခိုင်လူငယ် ပရဟိတ စာ​ရေးဆရာ ကိုဝေဟင်အောင်က ပြောသည်။

“ရခိုင်လူမျိုးကို လူမျိုးရေးအရ နှိပ်ကွပ်ချင်တာနဲ့ နိုင်ငံရေးအရ လုပ်ကြံချင်တာမို့လို့ ကျွန်တော်တို့ကို ဖမ်းဆီးတာဖြစ်တယ်။ အဲဒါကို ကျွန်တော်တို့ တရားရေးဌာနက ဘယ်လောက် ကာကွယ်နိုင်မလဲဆိုတဲ့ အပိုင်းပဲ ကျွန်တော်တို့ အပေါ်မှာရှိပြီး။ အဲဒါကြောင့် ဒီတရားရုံးကို လာတယ်ဆိုတာ တရားရေးမဏ္ဍိုင် ဘယ်လောက် မှန်ကန်လဲဆိုတာ အစမ်းသပ်ခံဖို့ လာတာဖြစ်တယ်။ သိပ်မကြာခင် အဖြေထွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ဆိုသည်။

ကိုဝေဟင်အောင် အပါအဝင် အမ်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် မတရားအသင်းဆက်သွယ်မှု၊   နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးနေရာ ယနေ့ မေလ ၃၀ ရက်နေ့ ရုံးထုတ်စဉ် ကိုဝေဟင်အောင်က သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမှုလိုက်ရှေ့နေများက ၎င်းတို့၏ အမှုနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် တရားလွှတ်တော်ကို လျှောက်လဲချက် တင်ပြထားပြီးဖြစ်ရာ အမှုများကိုသာ ပယ်ချခဲ့လျှင် ၎င်းတို့နှစ်ဦးလုံးမှာ ကွင်းလုံးကျွတ် လွတ်မြောက်လာမည် ဖြစ်ကြောင်းလည်း အမှုလိုက်ရှေ့နေများက ပြောဆိုထားသည်။

သို့ရာတွင် လက်ရှိအချိန်ထိ အဆိုပါ အမှုများနှင့်ပတ်သတ်၍ တရားလွှတ်က တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်သည်ကို မတွေ့ရသေးသလို သက်သေများနှင့် တရားလိုများကို စစ်ဆေးခြင်းကိုလည်း တရားလွှတ်တော် မှ ဆုံးဖြတ်ချက် မချမှတ်သေး၍ ရပ်နားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ် အခြာ အာဏာကျရှုံးခြင်း အခမ်းအနားတွင် ဒေါက်တာဦးအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောခဲ့သည့် စကားရပ်ဝန်းများမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသည်ဟုဆိုကာ နိုင်ငံတော် ပုန်ကန်မှု ဥပဒေပုဒ်မ အပါအဝင် ပုဒ်မ (၃)ခုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...