ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လျော့ကျ

ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်မှ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့လျော့ကျ
by -
ဇေယျာမော်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ရခိုင် ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်လာသည့် မုန်တိုင်းငယ်သည် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီ ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလညွှန်ကြားမှုဦးစီးဌာနက မေလ ၃၀ ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်သည် မြန်မာစံတော်ချိန် နေ့လည် ၁ နာရီခွဲ တိုင်းထွာချက်ဖြစ်သည်ဟု မိုးဇလက ဆိုသည်။

ရခိုင် ကမ်းရိုးတန်းကို ဖြတ်ကျော်လာသည့် မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့် အကွာတွင် ဆက်လက်တည်ရှိနေသည်ဟု မိုးဇလ၏ နေ့လည် ၁၁ နာရီအချိန်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိသွားသော်လည်း ယနေ့ မေလ ၃၀ ရက်နေ့ မွန်းလွဲမှ နောက် (၂၄) နာရီအတွင်း တစ်ပြည်လုံး နေရာအနှံ့အပြား မိုးရွာသွန်းမည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ချင်း နှင့် မွန် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေဖိအာနည်းရပ်ဝန်း အရှိန်ကြောင့် မိုးကြီးခြင်းနှင့်အတူ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

 

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...