မုန်တိုင်းအရှိန်ကြောင့် အမ်းမြို့နယ်တွင် လူနေအိမ်များ ပျက်စီး၊ လူသေဆုံးမှုမရှိ

မုန်တိုင်းအရှိန်ကြောင့် အမ်းမြို့နယ်တွင် လူနေအိမ်များ ပျက်စီး၊ လူသေဆုံးမှုမရှိ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မေလ ၂၉ ရက်နေ့ ညနေပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် ပယ်လယ်ကမ်းစပ်ဖြစ်သည့် လခွာဒွေအုပ်စု၊ ဆပ်ဖာဒွေ ကျေးရွာတွင် လူနေအိမ် (၁၈) လုံးခန့် အမိုးလန် ပျက်စီးသွားသည်ဟု အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

“အမ်းမှာ ပျက်စီးမှု သိပ်မရှိပါဘူး။ ပင်လယ်ကမ်းစပ်က ရွာမှာတော့ လူနေအိမ်​ တစ်ဆယ်ကျော် အမိုးလန်တယ်။ ဘေးဖက်နံရံတွေ ပျက်စီးသွားတဲ့ အိမ်တွေလဲ ရှိတယ်ပေါ့။ ဒါကို ကျနော်တို့ အားလုံး အထက်ကို တင်ပြထားပါတယ်။ မုန်တိုင်းမတိုက်ခင် အထက်က ညွန်ကြားချက်အရ ကမ်းခြေက အိမ်တွေကို ကြိုတင်ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အခုတော့ ပြီးသွားပါပြီ”ဟု အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

အဆိုပါ ကျေးရွာတွင် သွပ်မိုးအိမ် (၁၇) လုံးနှင့် အုန်းမိုးအိမ် (၁) လုံး စုစုပေါင်း (၁၈) လုံးခန့် အမိုးလန်၍ ဘေးနံရံများ ပျက်စီးသွားခြင်းဖြစ်ပြီး ယင်းပျက်စီးဆုံးရှုံးမအခြေနေများကို သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်သို့ တင်ပြထားသည်ဟု သိရသည်။

မုန်တိုင်းအရှိန်ကြောင့် အမ်းမြို့နယ်အတွင်းမှာ လူနေအိမ် တချို့နှင့် သစ်ပင်၊ သစ်ကိုင်းများ ကျိုးကျမှု ရှိခဲ့သော်လည်း လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိခဲ့သည့်အပြင် ရေတားတာဘောင် ကျိုးပေါက်မှုကြောင့် (၉) နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖေစ့်ဘွတ်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် သတင်းမှာလည်း မဟုတ်/မမှန်ကြောင်း ဦးကိုကိုမြတ်က ဆက်လက် ပြောကြားသည်။

“တာကျိုးပြီး ရေဝင်တဲ့ သတင်းတွေက ပြီးခဲ့တဲ့နှစ်တွေက ဓာတ်ပုံတွေပါ။ မဟုတ်မမှန် လိမ်ပြီးတင်တဲ့ သတင်းတွေဖြစ်ပါတယ်။ ကျနော်တို့အမ်းမှာ ဆည်တာတမံ ကျိုးပေါက်တာ တစ်ခုမှ မရှိပါဘူး။ လူသေဆုံးမှု၊ ထိခိုက်မှုတွေလဲ တစ်ခုမှ မရှိပါဘူး။”ဟု ဦးကိုကိုမြတ်က ဆိုသည်။

အမ်းမြို့နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းသည် တစ်နာရီ ၁၅ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မုန်တိုင်း ဦးတည် တိုက်ခတ်ခံခဲ့ရသော ရခိုင်ပြည်နယ်ရှိ၊ မာန်အောင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များတွင် လူနေအိမ်များအပါဝင် ကြိုးဖုန်းလိုင်းများနှင့် လျှပ်စစ်မီးတိုင်များ ပြိုလဲပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...