ဆော့လော်မြို့နယ်တွင် တရုတ်နိုင်ငံသားများသစ်ခိုးထုတ်သည့်ကိစ္စ နိုင်ငံတောသမ္မတထံတင်ပြထား

ဆော့လော်မြို့နယ်တွင် တရုတ်နိုင်ငံသားများသစ်ခိုးထုတ်သည့်ကိစ္စ နိုင်ငံတောသမ္မတထံတင်ပြထား
by -
စိုးသူအောင်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်တွင် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည့် သစ်တန်ချိန် ၁၃၀၀ ကျော်အား တရုတ်နိုင်ငံသားများမှ တရုတ်နိုင်ငံတွင်း ခိုးယူသယ်ဆောင်သွားသောကိစ္စကို အရေးယူနိုင်ရန် နိုင်ငံတော်သမ္မတထံစာပေးပို့တင်ပြထားကြောင်း ဆော့လော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောသည်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီးမှ နိုင်ငံတော်သမ္မတထံတော့ စာတင်ထားတယ်။ မနေ့က ပြည်နယ်ဝန်ကြီး ၊ ဝန်ကြီးချုပ်နဲ့လည်း ကျွန်တော်ဆုံခဲ့တယ်။ ဒါပေမယ့် လောလောဆယ်တော့ ဖမ်းဆီးနိုင်တဲ့ ဖော်ထုတ်နိုင်တဲ့ အခြေအနေတော့ မရောက်သေးဘူး” ဟု ၄င်းကဆိုသည်။

၂၀၁၇ ခုနှစ် ၁၂ လပိုင်းတွင် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့အတွင်း သစ်တောဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ စကားဝါ/ ထင်းရှုးသစ်လုံး အဟောင်း (၁၉၁၆) လုံး တန်ချိန်အားဖြင့် (၁၃၄၅.၃၂၆ ) တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သစ်လုံးများကို ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကုမ္မဏီများသို့ ရောင်းချသွားရန် ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ မေလ ၁၅ ရက်နေ့တွင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော်အတွက်အခွန်ပေးသွင်းခြင်းနှင့် သစ်များလွှဲပြောင်းပေးရန်ချိန်းဆိုထားသည့် မေလ ၂၅ ရက် နေ့ မတိုင်မီ မေလ ၁၈ ရက်တွင် တရုတ်နိုင်ငံမှသစ် မှောင်ခိုအဖွဲ့များက ကားအစည်း ၄၀ ခန့် အသုံးပြုကာ ခိုးထုတ်သွားသည်ကို ဒေသခံများပြောပြချက်အရ သိရကြောင်း ဦးလာမာလေးက ပြောသည်။

သစ်တန်ချိန် ၁၃၀၀ ကျော်ထဲမှ မည်မျှအထိ တရုတ်နိုင်ငံထဲသို့ ရောက်ရှိသွားသည်ကိုတော့ မသိရှိရ သေးကြောင်း ၄င်းကဆက်လက်ဆိုသည်။

ဆော့လော်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးကအဆိုပါကိစ္စနှင့်ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်သမ္မတထံ မေလ ၂၂ ရက်နေ့တွင် စာပေးပို့တင်ပြခဲ့ခြင်းလည်း ဖြစ်သည်။

ဆော့လော်မြို့နယ်တွင် သစ်ခိုးခုတ်ခြင်း၊ သစ်မှောင်ခိုကူးခြင်းတို့သည် ဖြစ်ပွားလေ့ရှိပြီး အများစုမှာ တရုတ်နိုင်ငံတွင်းသို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...