အရပ်သားကို ပစ်သတ်ခဲ့သည့် တပ်မတော်အရာရှိကို အရေးယူမည်ဟုဆို

အရပ်သားကို ပစ်သတ်ခဲ့သည့် တပ်မတော်အရာရှိကို အရေးယူမည်ဟုဆို
by -
စိုးသူအောင်
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကုလားဂုတ်ကျွန်း (Google Map)
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကုလားဂုတ်ကျွန်း (Google Map)

မွန်ပြည်နယ် ရေးမြို့နယ်က အရပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်မတော်မှအရာရှိတစ်ဦးကို တပ်မတော်မှ အရေးယူသွားမည်ဟု ကြားသိရကြောင်း ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအောင်ထွန်းခိုင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

မေလ ၁၅ ရက်နေ့တွင် ကုလားဂုတ်ကျွန်းရွာမှ သေဆုံးသူ ဦးတင်စိုးမြင့်ကို ခမရ ၅၈၇ တပ်ရင်းမှ ဗိုလ်ကြီး အောင်ကိုကိုမင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ သူတို့စစ်ဆေးနေတယ်ဆိုတာပဲ သိပါတယ်ခင်ဗျ။ တပ်က အရေးယူမယ်လို့တော့သိပါတယ်။ သူတို့ ခေါ်သွားတာပဲ ရဲစခန်းကို၊ ရဲစခန်းကနေပြီးတော့ စစ်ဌာနချုပ်ပေါ့။ ရဲကနေခေါ်ထုတ်သွားတာတော့ အကြမ်း ဖျဉ်းတော့ ရိပ်မိတယ် ” ဟု ဒေါက်တာအောင်ထွန်းခိုင်က ပြောသည်။

ဖြစ်စဉ်မှာ ဦးတင်စိုးမြင့်သည် ယောက္ခမဖြစ်သူနှင့် စကားများကြပြီး ယောက္ခမဖြစ်သူက ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားသော်လည်း မပြေလည်သည့်အတွက် ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၇ တပ်စခန်း ကို တိုင်ကြားခဲ့ပြီး စစ်ဆေးနေစဉ် သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူများထံ မေးမြန်းရန် ဖုန်း အကြိမ် ကြိမ်ခေါ်ဆိုခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ထို့ကြောင့် ဦးတင်စိုးမြင့်၏ ဇနီးဖြစ်သူက မေလ ၁၈ ရက်တွင် လူသတ်မှုဖြင့် လမိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...