ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းများကို ဇူလိုင်လဆန်းတွင် ကြေညာသွားဖို့ရှိနေ

ကြားဖြတ်ရွေးကောက်ပွဲမဲစာရင်းများကို ဇူလိုင်လဆန်းတွင် ကြေညာသွားဖို့ရှိနေ
by -
ဇေယျာမော်

နိုဝင်ဘာလအတွင်း၌ ကျင်းပသွားမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ စာရင်းကို ဇူလိုင်လဆန်း တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟု   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဆိုသည်။

“ခန့်မှန်းချေပေါ့နော်။ ဒီ ဇူလိုင်လဆန်းလောက်မှာ ကြေညာသွားမှာပါ။ မဖြစ်မနေတော့မဟုတ်ပါဘူး။ ခန့်မှန်းချေ ပြောတာပါ” ဟု ဦးမြင့်နိုင်က ဆိုသည်။

နိုင်ငံတော်သမ္မတ တာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၅ ရွွေးကောက်ပွဲတွင်  ပြုစုထားသည့် စာရင်းများအရ ယင်း လစ်လပ်မဲဆန္ဒနယ် နေရာများတွင် မဲပေးခွင့်ရှိ သည့် မဲဆန္ဒရှင် ၈ သိန်းကျော်ခန့် ရှိနေသည်။ ယင်းနေရာများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏စာရင်းကို နှစ်ကြိမ်ထုတ်ပြန် ပေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“နှစ်ကြိမ်ကြေညာသွားပါမယ်ခင်ဗျ။ ပထမတစ်ကြိမ်  လာကြည့်ပြီး ဖြည့်စွက်တာတွေ လုပ်ဦးမှာဆိုတော့ နှစ်ကြိမ် ကြေညာသွားပါမယ်” ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က မဇ္စျိမသို့ ပြောသည်။

လစ်လပ်မဲဆန္ဒနယ်များတွင် မဲပေးခွင့်ရှိသူများ၏ စာရင်းကို ပြုစုနေမှုများသည် တစ်ချို့နေရာများတွင် ပြီးသလောက်ရှိနေပြီ ဖြစ်သော်လည်း တစ်ချို့နေရာများတွင် ကြန့်ကြာနေမှုများ ရှိနေသည်ဟုလည်း ၄င်းက ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်အတွင်း ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...