တပ်မတော်၏ ပုဒ်မ ၅ဝဝနှင့်တရားစွဲခံရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် တရားလွှတ်တော်သို့ လျောက်ထားမည်

တပ်မတော်၏ ပုဒ်မ ၅ဝဝနှင့်တရားစွဲခံရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် တရားလွှတ်တော်သို့ လျောက်ထားမည်
by -
စိုးသူအောင်

အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲခြင်းကိုခံထားရသူ ၃ ဦးအတွက် အမှုချေဖျက်ပေးရန် ကချင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားသွားမည်ဖြစ်မည်ဟု တရားခံရှေ့နေဘက်မှ တရားခွင်တွင် ပြောဆိုခဲ့ကြောင်း တရားစွဲဆိုခံထားရသူ ကိုလွမ်းဇောင်းကပြောသည်။

“ ကျွန်တော်တို့ရှေ့နေကတော့ ဒီအမှုကို ချေဖျက်ဖို့အတွက် ကချင်ပြည်နယ်တရားလွှတ်တော်ကို လျှောက်ထားဖို့ အတွက် မြို့နယ်တရားသူကြီးကို ပြန်ပြီးတော့မှ အသိပေးပြောဆိုထားတာပေါ့။ ဒီကြား အတောတွင်းပေါ့။ ရုံးချိန်းကတော့လာမယ့် ၂၈ ရက်နေ့ပြန်ချိန်းထားတယ်” ဟု ကိုလွမ်းဇောင်းက ဆိုသည်။

ယနေ့ မေလ ၂၁ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းတွင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားသွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အချိန်အတိအကျကိုတော့ ၄င်းက ပြောဆိုခဲ့ခြင်းမရှိပေ။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ ဘက် တပ်တွေကြားထဲရောက်နေသည့် ပြည်သူတွေ လွတ်မြောက်ရန်အတွက် ဆန္ဒပြကာ ဦးဆောင်ဟောပြောခဲ့သောကြောင့်  ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ (၃) ဦးကို မြောက်ပိုင်းတိုင်းဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦးက အမှုဖွင့်ခဲ့ခြင်းဟု သိရသည်။

မေလ ၁၆ ရက်ရုံးချိန်းတွင်  တရားစွဲဆိုခံထားရသည့် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်တို့မှာ တစ်ဦးကို ငွေ ၅ သိန်းကျပ်ဖြင့် အာမခံရခဲ့ပြီး ဒေါ်နန်ပူ မှာ ခရီးလွန်နေသော ကြောင့်  ယနေ့ မေလ ၂၁ ရက် ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ရကြောင်းလည်း ကိုလွမ်းဇောင်းကပြောသည်။

လာမည့် မေလ ၂၈ ရက်နေ့ တတိယအကြိမ်ရုံးချိန်းတွင် တရားလိုဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ် ကြောင်းလည်းသိရသည်။

အသရေဖျက်မှုဖြစ်သည့် ပုဒ်မ ၅ဝဝ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်ပြီး ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင်ဖော်ပြထားသည်။

 ငြိမ်းချမ်းရေးအတွက် ဆန္ဒပြမှုများကြောင့် မေလ၊ တစ်ပတ်အတွင်း တက်ကြွလှုပ်ရှားသူ ၄၅  ဦးထိ တရားရင် ဆိုင်နေရကြောင်း အသံ( လွတ်လပ်စွာထုတ်ဖော်ပြောခွင့် လှုပ်ရှားမှုအဖွဲ့) မှ မေလ ၁၆ ရက်တွင် ထုတ်ပြန်ထား သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...