ကချင် တိုက်ပွဲရှောင် ဒေသခံများကို ဘေးကင်းရာသို့ ဆင်များဖြင့်ကူညီပို့ဆောင်ပေး

ကချင် တိုက်ပွဲရှောင် ဒေသခံများကို ဘေးကင်းရာသို့ ဆင်များဖြင့်ကူညီပို့ဆောင်ပေး

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒေသခံပြည်သူများ မြစ်ချောင်းတောအုပ်များကို ဖြတ်ကျော်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရရာတွင် ၎င်းတို့ကို ဆင်များဖြင့် ကူညီလိုက်လံပို့ဆောင်ပေးမှုများ ရှိနေခဲ့ကြောင်း သိရသည်။

တိုက်ပွဲရှောင်လာကြသည့် ဒေသခံကျေးရွာသူကျေးရွာသားများအနက်မှ နာမကျန်းဖြစ်နေသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ မြစ်ချောင်း ရေပြင်ကို ဖြတ်ကူးရာတွင် ဆင်များဖြင့် ကူညီဖြတ်သန်းပို့ဆောင်ပေးခဲ့သည်။

မကြာသေးမီကာလကပဲ ထောင်နှင့်ချီသည့် ဒေသခံတို့သည် တိုက်ပွဲရှောင်လာကြရင်း တောအုပ်နက်ထဲကို ဖြတ်ပြီး ခြေလျင်ခရီးကြမ်း နှင်ခဲ့ကြရသည်။

ယခုနှစ် အစောပိုင်းက မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းကြောင့် ကချင်ပြည်နယ်ရှိ အောင်လော့ဒ် ကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းလုံခြုံရာအရပ်ဆီသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

တိုက်ပွဲများ ပြင်းထန်နေခဲ့စဉ် ပစ်ခတ်သံများ၊ တိုက်လေယာဉ် ပျံဝဲသံများ အတွင်း ရွာသူရွာသားတို့သည် ၎င်းတို့၏ လယ်ကွင်းများအတွင်း သုံးရက်ခန့်အကြာ ခိုလှုံပုန်းအောင်းခဲ့ကြရသည်ဟု ဆိုသည်။

သို့ရာတွင် နောက်ပိုင်း လက်နက်ကြီးကျည်ဆံများ ၎င်းတို့၏ နေအိမ်များအကြား စပြီးကျလာချိန်တွင် ရွာလူကြီးများက ၎င်းတို့ကို ကီလိုမီတာဒါဇင်များစွာခန့် ဝေးကွာသည့် IDP ကမ့်စခန်းများသို့ အားချင်းထွက်ပြေးကြရန် ညွှန်ကြားခဲ့ရသည်။

ယင်းသို့ထွက်ပြေးကြစဉ် နာမကျန်းဖြစ်နေသူများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးများမှာ မြန်ဆန်စွာ သွားလာနိုင်ခြင်းမရှိကြဘဲ အောက်ခြေပိတ်ပေါင်းထူနေသည့် တောအုပ်များထဲတွင် ခုတ်ထွင်ရှင်းလင်းရင်း  ဖြည်းဖြည်းမှန်မှန် သွားနေခဲ့ကြရသည်။

မေလ ၂ ရက်အရောက် တစ်လနီးပါး ကြာမြင့်လာပြီး ပါလာသည့် အစားအစာများလည်း ပြတ်တောက်ခါနီးအချိန်တွင် ၎င်းတို့သည် မြစ်တစ်ခုအနီး ရောက်လာခဲ့ရာ၌ အနီးအနားရှိ ဆင်ပိုင်ရှင်များက အားချင်း ရောက်လာပြီး အကူအညီပေးခဲ့ကြရသည်။

"ကျုပ်တို့အဖွဲ့မှာက အသက်ကြီးတဲ့သူတွေရော၊ ဖျားနာနေသူတွေ၊ အမြင်အာရုံချို့တဲ့နေသူတွေ ပါလာကြပါတယ်၊ အဲဒီတော့ ဆင်ထိန်းတွေကို အကူအညီတောင်းပြီး သူတို့ကို ဆင်တွေပေါ် တင်ပြီး ပို့ပေးဖို့ လုပ်ခဲ့ကြရပါတယ်" ဆိုပြီး အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသွားသည်။

ယခုအခါ ကျေးရွာသူ ရွာသားအများစုက ကမ့်စခန်းများတွင် ရောက်နေကြပြီ ဖြစ်သော်လည်း တိုက်ပွဲအခြေအနေကြောင့် ၎င်းတို့ မည်သည့်အချိန်ကျမှ အိမ်ပြန်နိုင်မည်ဆိုသည်ကို မသိရသေးဘဲ ဖြစ်နေလျက်ရှိသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...