သဘာဝဘေးအပြင် လူကြောင့်ဖြစ်တဲ့ဘေးနဲ့ပါ ရင်ဆိုင်နေရဟု လူကယ်ပြန်ဝန်ကြီးပြော

သဘာဝဘေးအပြင် လူကြောင့်ဖြစ်တဲ့ဘေးနဲ့ပါ ရင်ဆိုင်နေရဟု လူကယ်ပြန်ဝန်ကြီးပြော
by -
မင်းမင်း
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် အဖွားအိုတစ်ဦးကို ထောက်ပံ့ငွေပေးအပ်နေသည့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ဓာတ်ပုံ- Prof Win Myat Aye ဖေ့စ်ဘွတ်)
ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် အဖွားအိုတစ်ဦးကို ထောက်ပံ့ငွေပေးအပ်နေသည့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ဓာတ်ပုံ- Prof Win Myat Aye ဖေ့စ်ဘွတ်)

ဘေးအန္တရာယ်ကြောင့် ထိခိုက်၊ ဆုံးရှုံးမှု နည်းပါးအောင် ပြင်ဆင်ရန် အားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်တင်မကဘဲ လူတွေကြောင့် ဖြစ်ရသည့် ဘေးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်သည်။

“အမှန်အတိုင်း ကြည့်မယ်ဆိုရင် သဘာဝဘေးတွေတင် မကဘူး။ လူကြောင့်ဖြစ်တဲ့ဘေးတွေ ခံနေရတာတွေ အများကြီး ရှိတယ်။ တိုက်ပွဲတွေကြောင့် ဖြစ်တယ်။ ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ အဆင်မပြေမှုတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဘေးနဲ့ပတ်သက်လို့ ရင်ဆိုင်နေရတယ်ဆိုတာ အထင်အရှားပဲ” ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်ရှိ Hilton Hotel တွင် မေ ၁ဝရက်က ကျင်းပသည့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက်နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ ရေးဆွဲရေးလမ်းညွှန် ပြုစုခြင်းဆိုင််ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ကုလသမဂ္ဂ၏ နို်င်ငံပေါင်း ၁၇၁နိုင်ငံကို လေ့လာချက်အရ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အဆင့်အားဖြင့် မြန်မာနိုင်ငံက နံပါတ် ၄၂တွင် ရှိနေသည်။ သို့သော် ထိခိုက်ဆုံးရှုံးမှုနှင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု နည်းပါးအောင် ပြင်ဆင်နိုင်မှုမှာ အောက်ဆုံး ၁၅နိုင်ငံတွင် ပါဝင်နေသည်။

ထိုကဲ့သို့ ဘေးအန္တရာယ်ကို ပြင်ဆင်နိုင်မှု အားနည်းသလို ဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင်လည်း အလွန်အားနည်းနေဆဲဖြစ်သည်ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဝန်ခံ ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ သဘာဝဘေးရော၊ လူကြောင့်ဖြစ်တဲ့ဘေးတွေရော များတဲ့အတွက်ကြောင့်မို့လို့ သဘာဝဘေးနဲ့ပတ်သက်ရင် ထိခိုက်မှု တော်တော်မြင့်တဲ့အထဲမှာ ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို ဆန်းစစ်အကဲဖြတ်ကာ ထိခိုက်ဆုံးရှုံးနိုင်ခြေကိုပြသည့် မြေပုံတစ်ခုကိုရေးဆွဲနိုင်ရန် ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်အဖြစ် ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့သလို ကချင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် KIA တို့ ဧပြီလအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံလူဦးရေ ၅ဝဝဝခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုအထဲတွင် လူဦးရေ ၂ဝဝဝခန့်မှာ တောထဲတွင် ပိတ်မိနေသည်ဟု ဒေသတွင်း လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...