ပလက်ဝတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်နိုင်ဖွယ်ရှိနေသေး

ပလက်ဝတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ်နိုင်ဖွယ်ရှိနေသေး
by -
စိုးသူအောင်
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ချင်းပြည်နယ်၊ ပလက်ဝတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ မေလ (၃) ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း တပ်မတော်ဘက်မှ တပ်အင်အားများဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ထပ်ဖြစ်လာဖွယ်ရှိနေသေးကြောင်း AA ဘက်မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကပြောသည်။

 “ ဒီနေ့ထိတော့ နည်းနည်းပြန်ပြီးငြိမ်နေတယ်။ ဒါပေမယ့်လို့ တပ်မတော်ဘက်ကနေ အင်အားတွေ ထပ်ဖြည့်နေတာတော့ ရှိတယ်။ သူတို့ဘက်ကထပ်ပြီးတော့ ထိုးလာမယ်ဆိုရင်တော့ တိုက်ပွဲက ထပ်ဖြစ်နိုင်မယ့် အခြေအနေတော့ရှိတယ်” ဟု ၄င်းကဆိုသည်။

ပလက်ဝမြို့အထက်ပိုင်း တွင် မင်းတပ်မြို့အခြေစိုက်တပ်ရင်းဖြစ်သည့် ခမရ ၅၄၉ နှင့် AA တို့ မေလ (၃) ရက်နေ့၊ နံနက် ၉ နာရီလောက်မှစတင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းအထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဦးခိုင်သုခက ဆက်လက်ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်မတော် (AA) ဘက်မှ ၄ ယောက်ကျပြီး ၆ ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး မြန်မာ့တပ်မတော်ဘက်မှ အကျအဆုံးကိုမှု အတည်ပြုနိုင်ခြင်းမရှိပေ။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ၂၀၁၇ ခုနှစ် နှောင်းပိုင်း AA နှင့် တပ်မတော်တို့ ၄၄ ရက်ကြာပြင်းထန်ခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်များ၏ ရွာများတွင်ဖြစ်သောကြောင့် အရပ်သားထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတိုက်ပွဲများကြောင့် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၆၇ စု၊ လူဦးရေအားဖြင့် ၃၄၀ ခန့် ရှိနေပြီး ၄ လကြာ သည်အထိ အများစုမှာ နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...