ကချင်စစ်ဘေးရှောင်များ ကယ်ထုတ်ပေးရေး တောင်းဆိုမှု ပြည်နယ်အစိုးရ အကြောင်းမပြန်သေး

ကချင်စစ်ဘေးရှောင်များ ကယ်ထုတ်ပေးရေး တောင်းဆိုမှု ပြည်နယ်အစိုးရ အကြောင်းမပြန်သေး

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများအား ကယ်ဆယ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ စာဖြင့်တင်ပြ တောင်းဆိုထားသော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးဟု ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမုန်ဒန်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့ ဝန်ကြီးချုပ်ဆီ တင်ထားတဲ့စာက ဘာအကြောင်းပြန်ကြားချက်မှ မရှိသေးဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့်အနေနဲ့ PCG ရယ်  KCB ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရယ် သူတို့ကို လိပ်မူပြီးတော့မှ စာပြန်တင်ထားတယ်။ မြစ်ကြီးနားက ခရစ်ယာန် ဂိုဏ်းပေါင်းစုံ နဲ့ PCG နဲ့ ပေါင်းပြီးမှ ဝန်ကြီးချုပ်ဆီ စာတစ်စောင်တင်ထားတယ်လို့ ကြားတယ်" ဟု ဦးမုန်ဒန်က ဆိုသည်။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ် ထံ စာတင်ထားသည်မှာ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကတည်းက ပေးပို့ထားခြင်းလည်း ဖြစ်သည်။

အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ တိုက်ပွဲများကြောင့် တနိုင်းမြို့နယ် အောင်လောဒ် ၊ ဆွတ်ရိန်ယန် နှင့် ဆွတ်ရာ ကျေးရွာတို့မှ ဒေသခံ ပြည်သူ ၂၀၀၀ ခန့်သည် တောတောင်အတွင်းသို့ စစ်ရှောင်နေရခြင်း ဖြစ်သည်။

"အခုလောလောဆယ် သူတို့ ညှိနှိုင်းနေဆဲလို့ ကျွန်တော်တို့သိရတယ်။ PCG နဲ့ ကျန်တဲ့ ဘာသာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး တင်ထားတဲ့စာက မနေ့ကမှ ဝန်ကြီးချုပ်ဆီ စာတင်ထားတယ်လို့ပြောတယ်။ ဝန်ကြီးချုပ်ဆီကမှ တရားဝင်စာထုတ်ဖို့ အတွက် စောင့်နေရတယ်လို့ ကျွန်တော်တို့ ကြားရတယ်" ဟု ဦးမုန်ဒန်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့၌ ဖားကန့်ရှိ တံတားညီနောင်ရွာတွင် တပ်မတော်စစ်စခန်းတစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့် နောက်ပိုင်း ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ နေ့စဉ်ဆိုသလို ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...