အစိုးရ နဲ့ KNPP တို့ ဧပြီလကုန်ပိုင်းတွင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်

အစိုးရ နဲ့ KNPP တို့ ဧပြီလကုန်ပိုင်းတွင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်
by -
ဇေယျာမော်

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ဧပြီ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဟုKNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ဒီလ ၂၃ ၊ ၂၄ ၊ ၂၅ ပေါ့။ အဲ့ထဲမှာ တစ်ရက်ရက်မှာ တွေ့ဆုံဆွေးနွေးသွားမှာပါ" ဟု ခူညေးရယ်က မဇ္စျိမ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ အလွတ်သဘော ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တရားဝင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် နှင့် ဆွေးနွေးမည့် အကြောင်းအရာများကို ညှိနှိုင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

"အရင်နှစ်ဖက်သဘောတူစာချုပ်ထဲက အကောင်အထည်မဖော်နိုင်သေးတဲ့ အချက်တွေရှိမယ်။ တစ်ချို့ကတော့ အထစ်အငေါ့တွေရှိနေတဲ့ အချက်တွေကိုပြန်ပြီးတော့ ဆွေးနွေးရမှာတွေ ရှိတယ်။ တပ်နေရာချထားရေးလည်းပါမယ်။ တပ်လှုပ်ရှားမှုပေါ့နော်၊ အဲ့ဒါတွေလည်းပါမယ်" ဟု KNPP ဘက်မှ ဆွေးနွေးမည့်အကြောင်းအရာများကို ခူးညေးရယ်က ပြောသည်။

အစိုးရဘက်မှ KNPP အဆိုပြုသည့်အချက်များကို ဆွေးနွေးရန် သဘောတူညီခဲ့ပြီးနောက် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆွေးနွေးရန်ဆိုသည့် အချက်တစ်ချက်ထည့်သွင်းရန် အဆိုပြုထားသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး KNPP အနေဖြင့် NCA လက်မှတ်ရေးထိုးသွားဖွယ် ရှိမရှိ မေးမြန်းမှုနှင့်ပတ်သက်ပြီး "ကျွန်တော်တို့ဘက်က အဆိုပြုတဲ့အချက်တွေထဲကမှ ရလာတဲ့ဆွေးနွေးတဲ့ ရလဒ်အပေါ်မူတည်ပြီး လက်မှတ်ထိုးမထိုး ဆုံးဖြတ်သွားမှာပါ" ဟု ခူးညေးရယ်က ပြန်လည်ဖြေဆိုခဲ့သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သည် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ကို ၂၀၁၂ ခုနှစ် မတ်လအတွင်းက ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်းမရှိပေ။

ယင်းအပြင် KNPP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်လည်းဖြစ်သည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...