ရခိုင်တွင် သင်္ကြန်ကာလအတွင်း ရဲအင်းအား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆာင်ရွက်မည်

ရခိုင်တွင် သင်္ကြန်ကာလအတွင်း ရဲအင်းအား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆာင်ရွက်မည်

ရခိုင်ပြည်နယ်တစ်ခုလုံးရှိ မြို့နယ်ပေါင်း ၁၇ ခုတွင် သင်္ကြန်ကာလအတွင်း ဗဟိုရေလောင်း မဏ္ဍပ် ၄၅ ရှိမည်ဖြစ်ပြီး ထိုမဏ္ဍပ်များတွင် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

မြို့နယ်အလိုက် ရဲတပ်ဖွဲ့များမှ မြို့နယ်တစ်ခုချင်းစီအတွက် ခန့်မှန်းခြေ ရဲဝန်ထမ်း ၁၀၀ ကျော်စီ သတ်မှတ် ထားပြီး သင်္ကြန်မတိုင်မီ တစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှ စတင်ကာ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

“ရခိုင်မှာကတော့ မဏ္ဍပ်ပေါင်း လေးဆယ့်ငါးခုရှိတယ်ဗျ။ ရဲတပ်ဖွဲ့ဝင်အင်အား သုံးထောင်ကျော်နဲ့ လုံခြုံရေး ဆောင်ရွက်ပါမယ်။ မြို့နယ်ရဲတပ်ဖွဲ့ အင်အားတွေနဲ့ လုပ်မှာပါ။ တစ်မြို့နယ် အတွက်စီတော့ ခန့်မှန်းခြေ တစ်ရာကျော်လို့ ခန့်မှန်း ထားပါတယ်ခင်ဗျ။ နေ့ရောညပါ။ သင်္ကြန်မတိုင်မှီ ၁၁ ရက်နေ့ ညပိုင်းကစပြီး နေရာယူမှာ။”ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

မဏ္ဍပ်လုံခြုံရေး၊ နေရာလုံခြုံရေးနှင့် လမ်းကြောင်းလုံခြုံရေး စသည်ဖြင့် ခွဲခြားထားပြီး နေရောညပါ အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မြို့နယ်တစ်ခုချင်းစီအလိုက် ချပေးထားသော ရေလောင်းမဏ္ဍပ်များ၏ အခြေအနေအရ လုံခြုံရေးကို လိုအပ်လျှင် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲမှူးကြီးက ဆိုသည်။

ယခုနှစ်တွင် ဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှုများရှိနေသည့်အတွက် လုံခြုံရေးကို ယခင်နှစ်များကထက် တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ဖြစ်သည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခု စလုံးအပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီးနှင့် အခြားတိုင်းဒေသကြီးအချို့တွင်ပါ ထည့်သွင်းကျင်းပသွားမည်ဟု သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ သိရသည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း အများပြည်သူတို့ ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မရွေး ခံယူနိုင်ရန် အတွက်  ရခိုင်ပြည်နယ်အတွင်းမှ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများကို အဆက်မပြတ် တာဝန်ထမ်းဆောင်ရန် စီစဉ်ထားကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ပြောဆိုထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...