ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်

ချင်းပါတီ (၃) ခုပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)အမည်ဖြင့် ပါတီမှတ်ပုံတင်မည်

ချင်းတိုးတက်ရေးပါတီ(CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) နှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) သုံးခုပေါင်းပြီး ၁၉၉၀ ခုနှစ်က ဖျက်သိမ်းခံရသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) အမည်ဖြင့် ပါတီသစ်မှတ်ပုံတင် သွားမည်ဖြစ်ကြောင်းသိရသည်။

“ အရင်ဆုံးပါတီပူးပေါင်းမယ့်ကိစ္စကတော့ သဘောတူညီမှုရပြီ။ ပါတီသစ်အတွက် ချင်းဒီမိုကရေစီဖက်က အဆိုတင်သွင်းတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်နဲ့ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်မယ်။ ရမရတော့မသိသေးဘူး။ ဘာလို့ဆိုတော့ ဖျက်သိမ်းခံထားရတဲ့ပါတီဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် ကဘယ်လိုပြောမလဲမသိသေးဘူး” ဟု ပါတီပူးပေါင်းရေးနှင့်ပတ်သက်ပြီး အစည်းအဝေးပုံမှန်တက်ရောက် ချင်းပါတီတစ်ခုမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးထံမှသိရသည်။

ရွေးကောက်ပွဲကော်မရှင်မှ CNLD အမည်ဖြင့် ပါတီအသစ်မှတ်ပုံတင်ခြင်းကို လက်မခံခဲ့ပါက Chin National Congress အမည်ဖြင့် မှတ်ပုံဆက်တင်သွားမည်ဖြစ်ကြောင်း သူကဆက်ဆိုသည်။

ချင်းပါတီပူးပေါင်းရေးနှင့်ပတ်သက်ပြီး တောက်လျှောက်ဆွေးနွေးပွဲများကျင်းပလာခဲ့ရာ ချင်းဒီမိုကရေစီအဖွဲ့ ချုပ်မှ ပါတီညီလာခံကျင်းပရန်ရှိခြင်းကြောင့် ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ တို့မှ ပူးပေါင်းရေးအတွက် စောင့်ဆိုင်းမည်ဖြစ်ကြောင်း နှစ်ကြိမ်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီညီလာခံပြီးပြီးနောက်ပိုင်း ယခုကဲ့သို့ ချင်းပါတီများပူးပေါင်းရေးကို ပြန်လည်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲဝင်ခဲ့ရာ ချင်းပြည်နယ်တွင် နှစ်နေရာအနိုင်ရရှိခဲ့သည်။  သို့သော် အဆိုပါနှစ်တွင်ပင် တပ်မတော်အစိုးရမှဦးဆောင်ပြီး အာဏာမလွှဲပဲ အမျိုးသားညီလာခံကျင်းပရန် စီစဉ်မှုအပေါ် ကန့်ကွက်ခဲ့သည့် ပါတီများအား ဖျက်သိမ်းရာတွင် CNLD အဖျက်သိမ်းခံခဲ့ရသည်။

ပူးပေါင်းရေးဆောင်ရွက်လျက်ရှိသည့် ချင်းပါတီ (၃) ခုမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။ ၂၀၁၀ ရွေးကောက်ပွဲတွင်မှု ချင်းပြည်နယ်တွင်ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့နေရာအနှံ့အနိုင်ရရှိခဲ့ကြသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...