ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များပါဝင်နေ၍ အင်မတန်အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များပါဝင်နေ၍ အင်မတန်အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

UEHRD ၏ ရခိုင်ပြည်နယ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအပေါ် လူငယ်များ ပါဝင်နေသည့်အတွက် အင်မတန် အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့၊ နိုင်ငံတော် အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းတွေ ဖြစ်မြောက် အောင်မြင်စေဖို့လည်း လူငယ်များ ကူညီပါဝင်နေတာ ကြောင့် အင်မတန်ကို အားတက်ရပါတယ်။ ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ မျှော်မှန်းခဲ့တဲ့ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံ၊ လူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့် ဖြူစင်တဲ့ဝါဒ ကျင့်သုံးတဲ့နိုင်ငံ အမှန်တကယ် ဖြစ်စေဖို့ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြပါစို့ ”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်​ပြည်​နယ်​အတွင်​း​ဆောင်​ရွက်​မည်​့ “ပြည်​သူ့အတွက်​ လူငယ်​ ရက်​၂၀” အစီအစဉ်​အား နိုဝင်ဘာလ ၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပ့ံများ ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ၊ အစားအသောက် ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တစ်ဖွဲ့လျှင် ရက် ၂၀ ဖြင့် မြန်မာနိုင်ငံဒေသအသီးသီးမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား စေတနာ့ဝန်ထမ်း လူငယ်များ ဆောင်ရွက်ကြခြင်းဖြစ်သည်။

ရခိုင်​ပြည်​နယ်​အတွင်​း၊လူသားချင်​းစာနာ​ထောက်​ထားမှု အကူအညီ​အ​ထောက်​အပံ့ပေး​ရေး၊ ပြန်​လည်​​နေရာချထား​ရေး၊ ဖွံဖြိုး​ရေးစီမံကိန်​း(UEHRD) တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဓိက ဆောင်ရွက်နေသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...