တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝတိုးတက်အောင် လုပ်ဆောင်ဖို့ NLD မူဝါဒ ချမှတ်ထား

တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝတိုးတက်အောင် လုပ်ဆောင်ဖို့ NLD မူဝါဒ ချမှတ်ထား
by -
ဇေယျာမော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား စေရေးအတွက် ဦးစားပေးလုပ်ဆောင်သွားရန် မူဝါဒ ချမှတ်ထားသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"တရားဥပဒေစိုးမိုးရေး ရယ် ပြည်သူလူထုလူမှုစီးပွားရေးတိုးတက်မြင့်မားအောင် ဆောင်ရွက်မည် ဆိုတာ ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ငန်းဖြစ်မှာပါ"  ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် လုပ်ငန်းစဉ်များအား လုပ်မြဲအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ၄င်းကဆိုသည်။

NLD အနေဖြင့် အစိုးရတာဝန်စတင်ယူခဲ့သည့် ကာလတွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သော်လည်း အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိဟု ဆိုသည့် ဝေဖန်မှုများလည်း ရှိနေခဲ့သည်။

သို့သော်လည်း နိုင်ငံ၏ ဖွံ့ဖြိုးမှုအား ကိန်းဂဏန်းများဖြင့် ပြည့်စုံအောင် ဖော်ပြမရနိုင်ဘဲ အဖြေမှန်ကို သိရန်ခက်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က  ယမန်နေ့က ပြောဆိုခဲ့သည့်အစိုးရ (၂) နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အစိုးရအနေဖြင့် လာမည့်နှစ်အတွင်းပြည်သူပြည်သားများအတွက် ဆောင်ရွက်ချက်များကို ထပ်မံသတ်မှတ်ပြီး နှစ်ကူးချိန်တွင် ချပြသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသည့် မိန့်ခွန်းတွင် ပါရှိသည်။

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားများ အထင်အမြင်လွဲမှားမှုများကို NLD အစိုးရက ရင်ဆိုင်နေရပြီး ယင်းကိစ္စများအား ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...