FPNCC အရေးပေါ် အစည်းအဝေး မတ်လကုန်တွင် ကျင်းပမည်

FPNCC အရေးပေါ် အစည်းအဝေး မတ်လကုန်တွင် ကျင်းပမည်
by -
ဇေယျာမော်
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (ဓါတ်ပုံ - FPNCC)
ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (ဓါတ်ပုံ - FPNCC)

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အစည်းအဝေးကို ယခုလ မတ်လ ၂၄ နောက်ပိုင်းတွင် ကျင်းပမည်ဟု FPNCC အဖွဲ့ဝင် ဖြစ်သည့် ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော် က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

"အစည်းအဝေးလုပ်မှာတော့ ဟုတ်ပါတယ်။ ဒီလ ၂၄ နောက်ပိုင်း ပြန်စမယ်လို့တော့ သိရတယ်။ အသေးစိတ် တော့ မသိရသေးဘူး" ဟု ၄င်းကဆိုသည်။

FPNCC အစည်းအဝေးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ပြီး မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ယခုမှ ကျင်းပနိုင်ခြင်းလည်းဖြစ်သည်။

"အဓိကကတော့ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုသွားကြမလဲ ဆိုတာအပေါ် အခြေခံပြီး  လက်တွေ့ကျကျ ပြဿနာဖြေရှင်းဖို့ ဆွေးနွေးကြမယ်လို့ ထင်ပါတယ်။ တရုတ်ရဲ့ တိုက်တွန်းမှုတွေ အကြံပေးမှုတွေ ရှိလာတဲ့အခါမှာ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ" ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံအား မေလအတွင်း၌ ကျင်းပရန် အစိုးရဘက်မှ ကြေညာထားပြီး ယင်းညီလာခံအား FPNCC မှ တက်ဖြစ်၊ မဖြစ် ယခုကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးသွားဖွယ် ရှိနေသည်။

တရုတ်- မြန်မာ နယ်စပ် အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် ဝအဖွဲ့ (UWSA) ၊ တအာဝ်း လွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့သည် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ကို ပြီးခဲ့သည့်နှစ် ဧပြီလအတွင်း၌ ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီအနေဖြင့် အစိုးရလက်ရှိလုပ်ဆောင်နေသည့် NCA ကိုလက်ခံခြင်းမရှိဘဲ နိုင်ငံရေးဆွေးနွေးခွင့် ရရှိရန် ကြိုးစားနေပြီး လက်ရှိတွင် ယင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် တအာဝ်းလွတ်မြောက်ရေး အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့( KIO) တို့ဖြင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...