ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်း

ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်း
by -
စိုးသူအောင်

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခွင့်ရရန် မသေချာသောကြောင့် “ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ် မြောက်ရေး ကော်မတီ” ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကော်မတီတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က မဇ္စျိမသို့ အတည်ပြုပြောသည်။

“ ရခိုင်လွှတ်မြောက်ရေးပါတီ (ALP) နဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီ (ANP)  ဆွေးနွေးကြတယ်ပေါ့။ ၂၀ နေ့လောက်ကဆွေးနွေးတယ်။ ပြီးတော့ ဒီကိစ္စကိုမသေချာဘူးဆိုရင် ရေရှည်ဆွဲထားလည်း အလကားပဲဆိုပြီး ဒေါ်စောမြရာဇာလင်းနဲ့ ကျွန်တော်တို့ဘက်က တာဝန်ရှိတဲ့ ဦးခိုင်ပြည်စိုးနဲ့ နှစ်ဖက်လက်မှတ်ထိုးပြီးတော့ ဒီကော်မတီကိုရုပ်သိမ်းဖို့အတွက် သဘောတူလက်မှတ်ထိုးလိုက်ကြတာပေါ့ဗျာ ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

အပစ်ရပ်စာချုပ် (NCA) အရ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခွင့်ရှိ သော်လည်း ရခိုင်ပြည်နယ် ကျင်းပရန်အတွက် အစိုးရမှ ခွင့်မပြုပေးသေးခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ဆိုသည်။

“ ကျွန်တော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမဆိုထားနဲ့ လူထုအကြိုဆွေးနွေးပွဲတွေတောင် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရကန့်သတ် တာတွေရှိတယ်ဗျ။ လူဦးရေဘယ်လောက်ပဲဖြစ်ရမယ်။ ဟိုနေရာ မလုပ်ပါနဲ့ ဒီနေရာမလုပ်ပါနဲ့ ကန့်သတ်ချက်တွေထားလာတယ် ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့သော အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ RCSS နှင့် ALP တို့မှာ ယနေ့ထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပ နိုင်ခြင်း မရှိသေးခြင်းလည်းဖြစ်သည်။

ရခို်င်ပြည်လွတ်မြောက်ရေးပါတီ(ALP)က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှတောင်းဆိုထားသော်လည်း ကျင်းပခွင့်မရှိသေးပေ။

၂၀၁၅ ခုနှစ် အောက်တိုဘာလက NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊သျှှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုတပ်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ လက်မှတ်ရေးထိုးခဲ့သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...