ပွဲစားမှ အလုပ်အကိုင်ရှာပေးမည်ဟုဆိုကာ လူငယ်ငါးဦးထံမှ လေးသိန်းကျော်လိမ်

ပွဲစားမှ အလုပ်အကိုင်ရှာပေးမည်ဟုဆိုကာ လူငယ်ငါးဦးထံမှ လေးသိန်းကျော်လိမ်

ဘွေချန် ( Bawi Chan) အမည်ဖြင့် ပွဲစားတစ်ဦးက ထန်တလန်မြို့နယ်တွင်းမှ လူငယ်ငါးဦးအား ကလေးမြို့အရောက်ခေါ်ပြီး ရှမ်းပြည်နယ် မူဆယ်၊ တရုတ်နယ်စပ်ဖက်ခြမ်းတွင် အလုပ်အကိုင်ရှာပေးမည် ဟုဆိုကာ ငွေလေးသိန်းကျော် လိမ်ယူပြီး ဆက်သွယ်မရ တော့ကြောင်း သိရသည်။

“ဟားခါးမှာ အဲဒီ ဘွေချန်ဆိုတဲ့သူက ပွဲစားဆိုပြီး သူတို့ အဆက်အသွယ်ရလိုက်တယ်။ သူတို့ကလည်း ယုံကြည်တာနဲ့ ကလေးမြို့ထိ ဆင်းလာတယ်။ အဲဒီလူက အဲလူငယ်ငါးယောက်ဆီကနေ ကားလက် မှတ်ဖြတ်ရတော့မှာမို့ ငွေလိုတဲ့အကြောင်းပြောပြီး ကားလက်မှတ် ဖြတ်ဖို့ တစ်သိန်းကျော် တောင်းတယ်။ ပြီးတော့ ပွဲစားအတွက် စရံပုံစံနဲ့ သုံးသိန်းတောင်းတယ်။ လူငယ်ငါးဦးကလည်း မရှိမဲ့ရှိမဲ့နဲ့ သုံးသိန်းကို ပေးတယ်။ ခရီးထွက်မယ့်ရက်ကျတော့ အဲဒီပွဲစားက ပေါ်မလာတော့ဘူး။ ပွဲစားပေါ်မလာတော့ဘူးဆိုတော့ အဲဒီလူငယ်တွေကလည်း ဟိုကိုဆက်မသွားရဲတော့ဘူး။ ဟိုရောက်ရင် ဘာအဆက်အသွယ်မှလည်းမရှိ။ ရောက်ဖူးတဲ့နေရာလည်းမဟုတ်တော့ ဒုက္ခရောက်ကုန်မှာ ” ဟု အဆိုပါ လူငယ်လေးဦး၏ မိဘများနှင့်ရင်းနှီးသည့် ကလေးမြို့တွင်နေထိုင်သည့် တက္ကသိုလ်ကျောင်းဆရာ ဆလိုင်းဗန်နွန်ဟမ်ကပြောသည်။

သူကဆက်ပြီး “ နောက်ဆုံးသူတို့ပွဲစားကို ဖုန်းဆက်တော့ရတယ်။ ဘယ်ပျောက်သွားလဲ။ အခုလို လိမ်လည်ရင် ရဲတိုင်ပြီးဖမ်းခိုင်းမယ် ဆိုပြီးပြောသေးတယ်။ အဲဒီနောက်ပိုင်း ဘယ်လိုမှအဆက်အသွယ်ကမရတော့ဘူး” ဟုပြောသည်။

အဆိုပါလူငယ် ငါးဦးမှာ ထန်တလန်မြို့နယ် ကျေးရွာများမှ ယခုကလေးမြို့တွင် ရောက်ရှိလျက်ရှိပြီး ပါလာသည့် ငွေမလုံလောက်တော့မှုကြောင့် နေရပ်ပြန်ရန်ပင်အခက်အခဲကြုံလျက်ရှိပြီး ထိုသို့ ပွဲစားအား ဆက်သွယ်မရ တော့သည်မှာ မတ်လ (၁၅) ရက်ကတည်းကဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...