ကမ္ဘာချန်ပီယံ အောင်လအန်ဆန် မြစ်ကြီးနားတွင် အောင်မြင်မှု ဆုတောင်းပွဲ ကျင်းပ

ကမ္ဘာချန်ပီယံ အောင်လအန်ဆန် မြစ်ကြီးနားတွင် အောင်မြင်မှု ဆုတောင်းပွဲ ကျင်းပ
by -
ဖနိဒါ
မတ်လ ၁၉  ရက်က မြစ်ကြီးနားမြို့တွင် ဒေသခံ ပရိသတ်များနှင့် တွေ့ဆုုံခဲ့စဉ်။ ဓါတ်ပုုံ Kachinwave
မတ်လ ၁၉ ရက်က မြစ်ကြီးနားမြို့တွင် ဒေသခံ ပရိသတ်များနှင့် တွေ့ဆုုံခဲ့စဉ်။ ဓါတ်ပုုံ Kachinwave

One Champion ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ပိုင်ဆိုင်ထားသူ အောင်လအန်ဆန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာ၍ မတ်လ ၂၀ ရက်နေ့တွင် မြစ်ဆုံ အပန်းဖြေစခန်းသို့ သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်

ယနေ့ မတ်လ ၂၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ ဒူကထောင်ရက်ကွက်ရှိ နေအိမ်တွင် အောင်လအန်ဆန်အတွက် အောင်မြင်မှု ကျေးဇူးတော်ချီးမွမ်းသည့် ဆုတောင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

အောင်လအန်ဆန်သည် ဇနီး ဒေါ်ဝဒတ်ဂျာလိုင် (ခ) ကက်သရိန်း အိုလီမန် (Wadat Ja Lai @ Katharine Olimant) နှင့် သား အင်ဆန်အောင်ဒီး တို့နှင့်အတူ မြစ်ကြီးနားမြို့တွင်   ရောက်ရှိနေခြင်း ဖြစ်သည်။

“မနက်ဖြန် အိမ်မှာ ဆုတောင်းပွဲလုပ်မယ်။ ဒီခရီးစဉ်က KBC က ခေါ်လို့ ရောက်လာတာ။ ဆုတောင်းပွဲ လုပ်ဖို့၊ ကေဘီစီက ကျနော်ကို ဂုဏ်ပြုမယ်လို့ ပြောတယ်။ ဒီနေ့ မိသားစုနဲ့ မြစ်ဆုံဘက်သွားတယ်”ဟု အောင်လအန်ဆန်က မဇ္စျိမကို ပြောသည်။

ယခုခရီးစဉ်သည် အောင်လအန်ဆန်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC )၏ ဖိတ်ခေါ်ချက်အရ မိသားစုနှင့်အတူ မြစ်ကြီးနားမြို့သို့ ပြန်ရောက်လာခြင်း ဖြစ်သည်ဟု အောင်လ အင်ဆန်က ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ကျင်းပနေသော KBC ၏ ၃၈ ကြိမ်မြောက်လူထု အစည်းအဝေးတွင် အောင်လအန်ဆန်အား မတ်လ ၂၃ ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်၍ အဆိုပါ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သူက ပြောသည်။

အောင်လအန်ဆန်သည် မတ်လ ၁၉ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး တပ်ကုန်းနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားခဲ့ပြီးနောက် ပရိသတ်များ၏ မေးမြန်းချက်များကို ဖြေကြားပေးခဲ့သည်။

အောင်လသည် မတ်လ ၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့စပါးကြီးမြွေဟု အမည်ပေးအပ်ခြင်းခံရသော အသက် ၃၂ နှစ်အရွယ် အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပြီး သူ၏ အသုံး အဆောင်များကို   လေလံတင်ရောင်းချ၍ ရရှိသော ငွေများကို စစ်ဘေးသင့် ပြည်သူများကို ပေးအပ်လှူဒါန်းခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...