နိုင်ငံရေးဆွေးနွေးမှုတွင် တိုင်ရင်းသားများလိုလားသော ရလဒ်ကောင်းဖော်ဆောင်မှု အားနည်းသေးဟု CNF ထုတ်ပြန်

နိုင်ငံရေးဆွေးနွေးမှုတွင် တိုင်ရင်းသားများလိုလားသော ရလဒ်ကောင်းဖော်ဆောင်မှု အားနည်းသေးဟု CNF ထုတ်ပြန်

ပြည်ထောင်စုအစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးဖြစ်သော်လည်း နိုင်ငံရေးဆွေး နွေးမှုတွင် တိုင်းရင်းသားများလိုလားသော ရလဒ်ကောင်းများ ဖော်ဆောင်ပေးရန် လိုအပ်နေသေးကြောင်း ချင်းအမျိုးသားတပ်ဦး၏ နှစ် (၃၀) ပြည့် ချင်းတော်လှန်ရေးနေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ပင်လုံစာချုပ်ကိုအခြေခံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအလို့ငှာ ချင်းအမျိုးသား ပြည်သူလူထု တစ်ရပ်လုံးပါဝင် ဘဝတူညီနောင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့်အတူ နိုင်ငံရေးနှင့် စစ်ရေးပြသနာကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာဖြေရှင်း နိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ချင်းအမျိုးသားတပ်ဦး၏ ရပ်တည်ချက်များကို အသက်၊ သွေးချွေး ပေါင်းများစွာ စတေးကာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်လာခဲ့ပြီး ဖြစ်သည်နှင့်အညီ ထိုအမျိုးသားရေး တာဝန်ပြီးမြောက် အောင်မြင်စွာ ဆက်လက်ဖော်ဆောင်နိုင်သည်အထိ ချင်းအမျိုးသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မတ်လ (၂၀) ရက်နေ့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ကိုယ်ပိုင်ပြဌန်းခွင့်အပြည်အဝရရှိရေး၊ အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက်ရည်စူးလျက် ချင်းအမျိုးသားတပ်ဦး၏ တိုက်ပွဲဝင် သည့် နှစ် (၃၀) ပြည့်နှစ်ဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...