ဖားကန့်တွင် မြေစာပုံပြိုကျ ၊ ရေမဆေးကျောက်ရှာဖွေသူ အများအပြား နစ်မြုပ်နေဆဲ

ဖားကန့်တွင် မြေစာပုံပြိုကျ ၊ ရေမဆေးကျောက်ရှာဖွေသူ အများအပြား နစ်မြုပ်နေဆဲ
by -
ဇေယျာမော်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်အတွင်းရှိ စုပေါင်းမြေစာပုံတစ်ခု ယမန်နေ့ မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်က ပြိုကျခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေစာပုံ အောက်တွင် နစ်မြုပ်နေသည်ဟု ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီးလဆိုင်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်လည်း သတင်းကြားတယ်။ ဟုတ်တယ်ခင်ဗျ၊ လူဦးရေအတိအကျတော့ မသိရသေးဘူး။ စုပေါင်း မြေစာပုံပြိုကျတာလေ" ဟု ဦးဒါရှီးလဆိုင်းက ဆိုသည်။

အဆိုပါ ပြိုကျသည့်နေရာသည် စုပေါင်းမြေစာပုံဖြစ်ပြီး တစ်သုံးလုံးကုမ္ပဏီများ အများဆုံးစွန့်ပစ်ကြောင်း နောက်ပိုင်းတွင် ကျောက်စိမ်းတောင်ကုမ္ပဏီများ စွန့်ပစ်နေသည်ဟု ဦးဒါရှီးလဆိုင်း၏ ပြောဆိုချက် အရ သိရသည်။

မြေစာပုံအောက် နစ်မြုပ်နေသည့် လူဦးရေအား အတိအကျ သိရှိရသေးခြင်း မရှိသော်လည်း ခန့်မှန်းချေအား လူဦးရေ ၃၀ ခန့် နစ်မြုပ်နေသည်ဟု သိရပြီး မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းပြိုကျသည့် နေရာသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းကလည်း ပြိုကျခဲ့ဖူးပြီး ကျောက်စိမ်းတောင် ကုမ္ပဏီပိုင် ကားများ နစ်မြုပ်ခဲ့သည်ဟု ဦးဒါရှီးလဆိုင်းက ပြောသည်။

ဖားကန့်ဒေသအတွင်း၌ မြေစာပုံပြိုကျမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလက မြေစာပုံပြိုကျမှု ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုုံးမှု ဖြစ်ပွားခဲ့သည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...