ချင်းပြည်နယ် တိုင်ကြားစာစိစစ်ရေးကော်မတီထံ တိုင်ကြားစာ ၈၀ ကျော်ရှိသည့်အနက် ၁၅ မှုသာစိစစ်နိုင်သေး

ချင်းပြည်နယ် တိုင်ကြားစာစိစစ်ရေးကော်မတီထံ တိုင်ကြားစာ ၈၀ ကျော်ရှိသည့်အနက် ၁၅ မှုသာစိစစ်နိုင်သေး

ချင်းပြည်နယ်လွှတ်တော်ကော်မတီဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေးကော်မတီထံသို့ တိုင်ကြားစာ ၈၀ ကျော်ရှိသော်လည်း လက်ရှိအချိန်ထိ အမှု၁၅ ခုသာ စိစစ်နိူင်သေးကြောင်း အဆိုပါ ကော်မတီ ဥက္ကဌ ကန်ပက်လက်မဲဆန္ဒနယ်မှ  ဦးဖွေအာက မတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ အမှု ၈၀ ကျော်တွင် မြေယာမှုအများဆုံးဖြစ်ပြီး၊ အမှုများကို ဖြေရှင်းနိူင်ရန် ဘတ်ဂျက်များ လုံလောက်မှုမရှိခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦး ဖွေအာက “ကျွန်တော်တို့ ခရီးစဉ်တွေဆွဲကြတယ်၊ လွှတ်တော်ဖက်က မပံ့ပိုးပေးတော့ ခရီးစဉ်ဆွဲရင်လည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အလေးမထားကြဘူး။ အတည်မပြုပေးဘူး၊ ပြီးတော့ လိုအပ်ရင် လွှတ်တော် ဥက္ကဌ နဲ့ ဒု-ဥက္ကဌက သူတို့ကိုယ်တိုင် ညွန်ကြားလို့ရတဲ့ဟာကို မလုပ်ပေးတော့ စိစစ်ရေးမှာ အားနည်းတာတွေအများကြီး ရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ် တိုင်ကြားစာစိစစ်ရေးကော်မတီသို့ ရောက်လာသည့် တိုင်ကြားစာအမှုတွဲများကို စိစစ်ပြီးနောက် လွှတ်တော်ဥက္ကဌမှတစ်ဆင့် ချင်းပြည်နယ်အစိုးသို့ ပေးပို့ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်တိုင်ကြားစာ စိစစ်ရေးကော်မတီတွင် လုပ်ငန်းအကောင်အထည်မဖော်နိူင်တဲ့ လုပ်ငန်းများ ရှိနေသေးကြောင်း သိရသည်။

ဦးဖွေအာက “ကျွန်တော်တို့တိုင်ကြားစာ စိစစ်ရေးကော်မတီ ဥက္ကဌ အပြောင်းအလဲရှိတာကြောင့် မစိစစ်နိူင်တဲ့ အမှုတွဲတွေလည်းရှိတယ်၊ ပြီးတော့ ခရီးစဉ်ဆွဲရင်လည်း စာနဲ့ ညွန်ကြားတာမရှိတာကြောင့် တစ်ပိုင်း၊ ချင်းပြည်နယ် လွှတ်တော်ဘတ်ဂျက်ကလည်း နည်းတယ်လို့ ယူဆတယ်၊ အဲတာမျိုးလေးတွေကြောင့် လိုသလောက်ကို ကော်မတီက အလုပ်မလုပ်နိူင်ဘူး” ဟု ပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...