အမျိုးသမီးကလေးငယ်များ မိမိကိုယ်ကို ယုံကြည်မှုပိုမိုရှိလာနိုင်ရန်ရည်ရွယ်လျက် CWDO မှ နွေရာသီသင်တန်းဖွင့်

အမျိုးသမီးကလေးငယ်များ မိမိကိုယ်ကို ယုံကြည်မှုပိုမိုရှိလာနိုင်ရန်ရည်ရွယ်လျက် CWDO မှ နွေရာသီသင်တန်းဖွင့်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ အခြေစိုက် CWDO မှ အနာဂတ်တွင် ဆယ်ကျော်သက်အမျိုးသမီးများ မိမိကိုယ်ကို ယုံကြည်မှုရှိလာနိုင်ရန်ရည်ရွယ်လျက် နွေရာသီသင်တန်းကို မတ်လ(၁၂) ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

သင်တန်းတွင် အမျိုးသမီးကလေးများကိုသာအဓိက လက်ခံပြီး၊ အင်္ဂလိပ်စာ အပါအဝင် သမိုင်းဘာသာရပ်များ၊ ချင်းဓလေ့ထုံးတမ်းများ သင်ကြားပေးကြောင်း သိရသည်။

CWDO ညှိနှိုင်းရေးမှုး မိုင်နိုးမီထန်းက “အဓိက ကျွန်မတို့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးကလေးတွေကိုပဲ သင်ကြားပေးတယ်၊ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးအခွင့်အရေးကို လုပ်နေကြသလို သက်ကြီးအရွယ်တွေကို အမြင်ဖွင့်သင်တန်းတွေပေးဖို့ အရေးကြီးသလို ဆယ်ကျော်သက်တွေကိုလည်း သင်တန်းပေးဖို့လည်း အရေးကြီးတယ်၊ အခုလိုသင်ကြားပေးခြင်းဖြင့် အရွယ်ရောက်လာရင်အသိတရားတွေပိုသိလာမယ် ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှုရှိလာမယ်” ဟု ပြောသည်။

သူက ဆက်ပြီး  “ကျွန်မတို့ မတ်လ ၁၂ ရက်နေ့က စတင်သင်ကြားပေးတယ်၊ ကျောင်းသူ ၄၅ ယောက်ရှိတယ်၊ ၁၀ ရက်မှန်မှန်တက်တဲ့သူကို မုန့်ဖိုးပေးမယ်၊ အဲလိုမုန့်ဖိုးပေးခြင်းဖြင့် ကျောင်းသူတွေပို တက်ရောက်လာဖို့ ရည်ရွယ်ပြီးပေးမယ်” ဟု ပြောသည်။

အဆိုပါ နွေရာသီကျောင်းတွင် ၄ တန်းမှ ၉ တန်းအထိ လက်ခံသင်ကြားပေးပြီး၊ အတန်း နှစ်တန်းခွဲကာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် သင်တန်း သင်ကြားပေးလျက်ရှိသည်။

မိုင် နိူမီထန်းက “၄ တန်းကနေ ၆ တန်းထိ မနက်ပိုင်းမှာ သင်ကြားပေးတယ်၊ ၇ တန်းကနေ ၉ တန်းတွေကိုတော့ ညနေပိုင်းမှာ သင်ကြားပေးတယ်၊ အဓိကတော့ အင်္ဂလိပ်စာကို ပိုသင်ပေးတယ်၊ သမို်င်းကိုလည်း သင်ကြားပေးတယ်” ဟု ပြောသည်။

Chin Women Development Organization သည် အမျိုးသမီးများအတွက် အမြင်ဖွင့် သင်တန်းပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြေရှင်းပေးခြင်း၊ အမျိုးသမီး(မုဆိုးမ) များအတွက် အလုပ်အကိုင်ဖန်တီးပေးသည့် အနေဖြင့် ယက်ကန်း၊ ဂျက်ခုတ်  လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...