ရခိုင်ပြည်နယ် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ ၃ဝဝကျော်ကို ဖမ်းဆီးထား

ရခိုင်ပြည်နယ် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ ၃ဝဝကျော်ကို ဖမ်းဆီးထား
by -
ဇေယျာမော်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး  လူ ၃၈၄ ယောက်ကို ဖမ်းဆီးထားကာ အကြမ်းဖက်မှုဥပဒေ၊ လူသတ်မှု၊ မုဒိမ်းမှု ၊ လဝကမှု ၊ မတရားအသင်းဆက်သွယ်မှု စတဲ့ အမှုများဖြင့် တရားစွဲဆိုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးထားသူများသည်  ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်သူများ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးချုပ် ဝင်းထွန်းက ပြောခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၅၂ ယောက် ၊ ဖြစ်စဉ်မှာ(ပါဝင်ပတ်သက်ခဲ့သူ)  ၂၉၂ ယောက်  စုစုပေါင်း ၃၈၄ ကို ဖမ်းဆီးထားပြီး အဆိုပါသူများထဲမှ အကြမ်းဖက်ဥပဒေနှင့် အရေးယူထားခြင်း ၂၄၈ မှု ရှိနေကာ အခြား လူသတ်မှု ၊ မုဒိမ်းမှု ၊ လဝကမှု ၊ မတရားအသင်း ဆက်သွယ်မှု  စသော အမှုများနှင့်  တရားစွဲဆိုထားသည်ဟု ရဲမှူးချုပ် ဝင်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးဝေဖန်မှုများ မြင့်တက်နေချိန်တွင်  မြန်မာအစိုးရဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ ၃၀၀ ကျော် ဖမ်းဆီးထားထားကြောင်း အသိပေးပြောခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်  ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့် တပ်မတော်မှ တိုင်းမှူးတစ်ဦး ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ  ရဲမှူးချုပ် တစ်ဦးအပါအဝင် အရာရှိ စစ်သည် အချို့ကို အရေးယူထားတယ်ကြောင်းအဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အစိုးရဘက်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။

"ARSA လာတိုက်တဲ့ သြဂုတ် (၂၀၁၇)မှာ ရှိခဲ့တဲ့ တိုင်းမှူးက အခုမရှိတော့ဘူး ၊ ရဲမှူးချုပ်ကလည်း အဲ့တုန်းက ရှိခဲ့တဲ့ ရဲမှူးချုပ် အခုမရှိတော့ဘူး" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

ယင်းကဲ့သို့ အရေးယူခံထားရသူများ ကို အစိုးရဘက်က နာမည်ထုတ်ဖော် ပြောဆိုခဲ့တာမရှိပေမယ့်  အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော အချိန်တွင်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မောင်မောင်စိုး က တာဝန်ယူခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ အကြီးအကဲ အဖြစ် ရဲမှူးချုပ် သူရစန်းလွင်က တာဝန်ယူထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့သော အရေးကိစ္စများနှင့် ပတ်သက်ပြီး အရာရှိစစ်သည် ၇ ဦး ၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦးကို တည်ဆဲဥပဒေများဖြင့် အရေးယူအပြစ်ပေးခဲ့ကြောင်း ပြီးခဲ့သည့် မတ်လ  ၆ ရက်နေ့မှာ တပ်မတော်မှ သတင်းထုတ်ပြန် ထားသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...