လျှပ်စစ်နဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့ ဒုက္ခကို သုံးနှစ်အတွင်း ဖြေရှင်းမယ်လို့ လျှပ်စစ်ဝန်ကြီးဆို

လျှပ်စစ်နဲ့ပတ်သက်တဲ့ ပြည်သူတွေရဲ့ ဒုက္ခကို သုံးနှစ်အတွင်း ဖြေရှင်းမယ်လို့ လျှပ်စစ်ဝန်ကြီးဆို
by -
မင်းမင်း
 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ပြည်သူများ ကြုံတွေ့နေရသော လျှပ်စစ်နှင့်ပတ်သက်သည့် အခက်အခဲများကို အစိုးရ၏ လက်ကျန်သက်တမ်း သုံးနှစ်အတွင်း ဖြေရှင်းပေးမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်သည်။

လက်ရှိ ထုတ်လုပ်နေသည့် လျှပ်စစ်ဓာတ်အားထက် နှစ်ဆတိုးပြီး ထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့်ပတ်သက်ပြီး ပြည်သူများ ကြာရှည်စွာ ခံစားနေရသည့် လျှပ်စစ်ဒုက္ခကို သုံးနှစ်အတွင်း ဖြေရှင်းမည်ဟု နေပြည်တော်တွင် မတ်လ ၁၄ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်မှာရှိတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ကြာရှည်စွာ ခံစားနေရတဲ့ လျှပ်စစ်ဒုက္ခတွေကို ၃နှစ်အတွင်း ဖြေရှင်းမယ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒပါ” ဟု ဦးဝင်းခိုင်က ပြောသည်။

လက်ရှိ ထုတ်လုပ်နေသော လျှပ်စစ်ဓာတ်အားမှာ ၃၀၀၀ မဂ္ဂါဝပ်ဖြစ်ပြီး လာမည့် သုံးနှစ်အတွင်း နှစ်ဆတိုးပြီး ထုတ်လုပ်သွားရန် အစိုးရက ရည်မှန်းထားခြင်း ဖြစ်သည်။

 “ဒါကလည်း ပြည်သူလူထုတွေကို လျှပ်စစ်ဆိုတဲ့ဟာကို အခုလို တစောင့်စောင့်နဲ့ တမျှော်မျှော်နဲ့ လျှပ်စစ်ရလိုက်၊ မရလိုက်၊ သုံးရတဲ့အခါမှာလည်း အဆင်မပြေ၊ လျှောက်ရတဲ့အခါမှာလည်း ဒုက္ခတွေနဲ့ ဒါတွေကို အမြန်ဆုံးကျော်လွှားပြီးတော့ လျှပ်စစ်နဲ့ပတ်သက်တဲ့ ဒုက္ခတွေကို သုခအဖြစ် ပြောင်းအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ၄ဝရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိသေးပြီး ကျန်သည့် ၆ဝရာခိုင်နှုန်းကို ၂၀၃ဝခုနှစ်တွင် အပြီးသတ် လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်မည်ဟု ကနဦး ရည်မှန်းထားသော်လည်း “ဒီ့ထက်စောအောင် ကျွန်တော်တို့ဘက်က ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဝင်းခိုင်က ဆိုသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...