နေပြည်တော်တွင် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍာပ် ပထမဆုံး စတင်ဖွင့်လှစ်ကျင်းပမည်

နေပြည်တော်တွင် ရခိုင်ရိုးရာသင်္ကြန်မဏ္ဍာပ် ပထမဆုံး စတင်ဖွင့်လှစ်ကျင်းပမည်
by -
အောင်မြတ်သူ

နေပြည်တော်တွင် ရှိသော ရခိုင် အသိုင်းအဝိုင်းများနှင့် အတူ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍာပ်ကို ယခုနှစ်တွင် ပထမဆုံး စတင် ဖွင့်လှစ်ကျင်းပသွားမည်ဟု နေပြည်တော်ကောင်စီသာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောကြားသည်။

 “ဒီနှစ်ထူးခြားတာကတော့ ဒီနှစ်က နေပြည်တော်မှာ ရှိနေတဲ့ရခိုင် အသိုင်းအဝိုင်းကနေ ရခိုင်ရိုးရာသင်္ကြန် ဒီနေပြည်တော်မှာနေပြည်တော်သင်္ကြန်နဲ့အတူ ဒါရေပက်ကစားသွားမှာ”ဟု ဦးမင်းသူက ပြောကြားသည်။

အဆိုပါ မဏ္ဍာပ်ကို နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့တွင် တည်ဆောက်နေကျ မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍာပ်ဘေးတွင် တည်ဆောက်သွားမည်ဟု ဦးမင်းသူက ဆက်လက်ပြောကြားသည်။

“မြို့တော်ဝန် မဏ္ဍာပ်နဲ့ အတူ ရခိုင်ရိုးရာရေကစားမဏ္ဍာပ်ပေါ့လေ။ အဲ့နားမှာ တွဲပြီးမှ လုပ်မယ်လို့ဒါ စီစဉ်ပေးထားတာ။ ဒီရခိုင်တိုင်းရင်းသားက အစိုးရ အဖွဲ့ထဲမှာကော၊ နေပြည်တော်ကောင်စီထဲမှာကော ၊နောက်ဝန်ထမ်းတွေထဲမှာကော အကြီးအကဲတွေထဲမှာလည်း တော်တော်များတယ်။ များတဲ့ အတွက် ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာသင်္ကြန်ကလည်း မြန်မာ့ရိုးရာ သင်္ကြန်နဲ့အတူ ဒါ တချိန်တည်းဖြစ်နေတဲ့ အတွက် ဒီဟာလေးက ထူးထူးခြားခြားလေး ရေပက်ကစားတဲ့ ဓလေ့ရိုးရာ အတိုင်းရေပက်ကစားဖို့ တင်ပြလာတဲ့ အတိုင်းဝိုင်းလုပ်ပေးတာ”ဟု ၄င်းက ထပ်မံပြောကြားသည်။

နေပြည်တော် နယ်မြေ တစ်ခုလုံးတွင် ယမန်နှစ်က မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍာပ်အပါဝင် စုစုပေါင်း မဏ္ဍာပ်၁၆ခုရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် အတွင်းစည်း ၊အပြင်စည်း လုံခြုံရေး ချထားခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...