လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ ရက်ပိုင်းအတွင်း အတည်ပြုမည်

လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ ရက်ပိုင်းအတွင်း အတည်ပြုမည်
by -
စိုးသူအောင်

လစ်လပ်လျှက်ရှိသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်ဝန်ကြီးနေရာအတွက် ပြည်နယ်အစိုးရမှ အမည်စာရင်းတင်သွင်းထားသူကို လာမည့်ရက်ပိုင်းအတွင်း အတည်ပြုသွားရန်ရှိနေကြောင်း မြောက်ဦး မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

မတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ဆဌမအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးဝန်ကြီးနေရာကို အစားထိုးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမတ်တစ်ဦး ဖြစ်သူ တောင်ကုတ် မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ဖြစ်သည်။

 “ ကျွန်တော်တို့ ဆဌမပုံမှန်အစည်းအဝေးမှာပဲ အတည်ပြုသွားမှာပါ။  တနင်္လာနေ့ဖြစ်မလား အင်္ဂါနေ့ ဖြစ်မလား အဲ့ဒါတော့ကျွန်တော်တို့မသိသေးဘူး။ ဥပဒေ၊ နည်းဥပဒေနဲ့ကိုက်ညီမှုရှိရင်တော့ ကန့်ကွက်မယ့်သူ မရှိဘူးပေါ့နော်။ မရှိရင်သူက အတည်ဖြစ်တော့မှာ ” ဟု ဦးထွန်းသာစိန်ကပြောသည်။

 လတ်တလောအချိန်ထိ ပြည်နယ်အစိုးရမှ အမည်စာရင်းတင်သွားထားသူ ဦးဝင်းမြင့်ကို ဝန်ကြီးနေရာအတွက် ကန့်ကွက်မည့်သူမရှိသေးဟု ကြားသိရကြောင်း လည်း ၄င်းကဆိုသည်။

ယခင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၁၇ ဦးက စွပ်စွဲအပြစ်တင်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...