TNLA နှင့် တပ်မတော် နမ္မတူတွင် တိုက်ပွဲဖြစ်

TNLA နှင့် တပ်မတော် နမ္မတူတွင် တိုက်ပွဲဖြစ်
by -
ဇေယျာမော်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်၌ တပ်မတော်နှင့် တအောဝ်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့(TNLA) တို့အကြား ယမန်နေ့ မတ်လ ၈ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

နမ္မတူမြို့နယ် ပန်လောကျေးရွာ နှင့် နာဆိုင်းကျေးရွာအကြားတွင် ယမန်နေ့ နံနက် ၄ နာရီ ၅ဝမိနစ် ခန့် မှ နံနက် ၅ နာရီ ၃၀ မိနစ်အထိ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။

"တိုက်ပွဲဖြစ်ပွားမှုသည် ငြိမ်သက်သွားခြင်းမရှိဘဲ နှစ်ဖက် အပြန်အလှန်စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်နေပြီး တပ်မတော်ဘက်မှ အင်အားဖြည့်တင်းနေတယ်" ဟု TNLA သတင်းနှင့် ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသော်လည်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိပေ။

တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှင့် မတ်လအတွင် မကြာခဏ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း နမ္မတူ ၊နမ့်စန် ၊ ကွတ်ခိုင်မြို့နယ်များအနီး၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ '၀'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး   နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...