မတူပီမြို့တွင်း လမ်းချဲ့မှုပုံစံအပေါ် ရပ်ကွက်နေအချို့ စိတ်တိုင်းမကျဖြစ်ပြီး ရေရှည်အတွက်စိုးရိမ်

မတူပီမြို့တွင်း လမ်းချဲ့မှုပုံစံအပေါ် ရပ်ကွက်နေအချို့ စိတ်တိုင်းမကျဖြစ်ပြီး ရေရှည်အတွက်စိုးရိမ်

ချင်းပြည်နယ်၊ မတူပီမြို့ ဆန်ဘောင်ရပ်ကွက်မှ ဟားခါးဖက်သွားသည့် လမ်းမကြီး ချဲ့မှုအပေါ် ရပ်ကွက်နေအချို့ မှ စိတ်တိုင်းမကျဖြစ်နေပြီး ရေရှည်အတွက်လည်း စိုးရိမ်မှုဖြစ်ကြောင်းသိရသည်။

လမ်းတာချဲ့မှုသည် မြေသားရှိသည့် လမ်းအထက်ပိုင်းဖက်များတွင် မချဲ့ပဲ အိမ်များရှိရာလမ်းအောက်ဖက်ကို ချဲ့ခြင်းကြောင်း ဒေသခံအချို့၏ စိတ်တိုင်းမကျပဲ စိုးရိမ်ရခြင်းဖြစ်သည်။

အမည်မဖေါ်လိုသူ ဒေသခံတစ်ဦးက “အခုကျွန်မတို့ မတူပီစန်ဘောင်ကွက်ကနေ ဟားခါးလမ်းဖက်ချဲ့တဲ့အချိန်မှာ မြေသားနေရာရှိတဲ့ နေရာဘက်ကိုမချဲ့ပဲ မြေသားမရှိတဲ့ဘက်ကို အတင်း ချဲ့ပြီးခင်းနေကြပါတယ်။ ကျွန်မတို့ဘက်ကလဲမျှမျှတတဖြစ်အောင်လုပ်စေချင်တာပါ။ ကျွန်မတို့ဘက်က လမ်းနှစ်သွယ်ကြားညှပ်တဲ့ အိမ်တွေဆိုတော့ ကြာလာရင် ကုန်ကားကြီးတွေရဲ့ ဖိအားကြောင့် အိမ်များပြိုကြလာမှာစိုးရိမ်တာဖြစ်တယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများအားပြောရာ မြေကိုသာခင်းခြင်းဖြစ်ကြောင်း၊ မြောင်းဖျက်မည်မဟုတ်ကြောင်းနှင့် မြေသားရှိသည့် လမ်းအပေါ်ဖက်ကို ဘတ်ဂျက်လိုင်းအတိုင်းသာဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြောင်းသူကဆက်ပြောသည်။

တစ်ဖက်တွင် လမ်းတာချဲ့မှုအပေါ် ကန့်ကွက်မှုများ ပြုလုပ်ပါကလည်း ပြည်သူများသာအမြဲရှုံးနိမ့်မှုရှိမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောဆိုခံရမှုရှိပြီး ရပ်ကွက် တာဝန်ရှိသူအချို့က အခြားခြိမ်းခြောက်ပြောဆိုသည့် စကားများပင် ရှိကြောင်း စန်ဘောင်ရပ်ကွက် တွင်နေထိုင်သူ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...