တနိုင်းဒေသ၌ KIA နှင့်တပ်မတော်တိုက်ပွဲများ ပြန်ဖြစ်

တနိုင်းဒေသ၌ KIA နှင့်တပ်မတော်တိုက်ပွဲများ ပြန်ဖြစ်
by -
ဇေယျာမော်

ကချင်ပြည်နယ် တနိုင်းမြို့အနီး၌ ယခုရက်ပိုင်းအတွင်း အစိုးရတပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

"မနေ့က တပ်ရင်း ၁၄ ဘက်မှာ တပ်မတော်စစ်ကြောင်းတွေက တစ်ဆင့်ပြန်ထိုးလာတဲ့အပေါ်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာ တယ်။ လက်နက်ကြီးလည်း ပစ်တယ်၊ လက်နက်ငယ်နဲ့လည်း ပစ်တယ်၊ မြေပြင်တိုက်ပွဲလည်း ဖြစ်တယ်" ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ယင်းအပြင် တနိုင်းမြို့နယ် တရုံကျေးရွာ ဒေသခံ ၂၀ ကို KIA ဘက်မှ တပ်သားသစ်အဖြစ် စုဆောင်းသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူအား မေးမြန်းရာ မသိရှိသေးကြောင်း မဇ္စျိမသို့ ပြောဆိုထားသည်။

သို့သော်လည်း KIA အနေဖြင့် လူသစ်စုဆောင်းခြင်း ရှိမရှိ မဇ္စျိမ၏ မေးမြန်းမှုကို ဗိုလ်မှူးကြီး နော်ဘူမှ ယတိပြတ် ဖြေဆိုခြင်း မရှိပေ။

"လူသစ်စုဆောင်းတာတော့ ရှိတော့ရှိတယ်။ ဒီကိစ္စကို မကြားမိပါဘူး။ တပ်မတော်စစ်ကြောင်းတွေက အလုံးအရင်းနဲ့ ထိုးလာတော့ ကျွန်တော်တို့ဘက်က လူသစ်စုဆောင်းတာလည်း ရှိမှာပါ" ဟု ၄င်းက ဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIA အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး တပ်မတော်ဘက်မှ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ခြင်း မရှိရန်  ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းခန့်က မြစ်ကြီးနား- ပူတာအို  လမ်းပေါ်ရှိ တံတားအချို့ကို KIA ဘက်မှ ဖျက်ဆီးခဲ့သည်။ ထို့သို့ လမ်းတံတားများ ပျက်ဆီးမှုကြောင့် ပူတာအိုတွင် စားနပ်ရိက္ခာနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လျက် ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် KIA နှင့် အစိုးရ၊ တပ်မတော် တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် တနိုင်းဒေသတွင် ရှိနေသည့် KIA တပ်ရင်း ၁၄ အပါအဝင် တပ်စခန်းများကို ဖယ်ရှားပေးရန် အစိုးရ တပ်မတော်က တောင်းဆိုထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...