အမျိုးသမီးများနေ့တွင် CEDAW စာချုပ်၏ အပိုဒ် ၂၉ကိုလက်မှတ်ရေးထိုးပေးရန်အစိုးရကိုတောင်းဆို

အမျိုးသမီးများနေ့တွင် CEDAW စာချုပ်၏ အပိုဒ် ၂၉ကိုလက်မှတ်ရေးထိုးပေးရန်အစိုးရကိုတောင်းဆို
by -
စိုးသူအောင်

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) အပိုဒ် (၂၉) ကို အမျိုးသမီးများနေ့တွင် မြန်မာအစိုးရမှ လက်မှတ်ရေးထိုးပေးရေး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှတောင်းဆိုလိုက်သည်။

အဆိုပါအပိုဒ်သည် သဘောတူညီချက်စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်ဖြစ်စေ၊ လျှောက်ထားရာတွင်ဖြစ်စေ၊ နိုင်ငံများကြားတွင်ဖြစ်စေ အငြင်းပွားမှုများ ကို စေ့စပ်ခြင်းဖြင့် မဖြေရှင်းနိုင်ပါက နောက်ဆုံးအဆင့်တွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ သက်ဆိုင်ရာနိုင်ငံ၏ တရားရုံး ဥပဒေအဆင့်ဆင့်နှင့်အညီ လွှဲပြောင်းနိုင်သည့်အချက်လည်းဖြစ်သည်။

 " အမျိုးသမီးတွေတော်တော်များများဟာ အမျိုးသမီးများနေ့ဖြစ်ဖို့အတွက်ကို တော်တော်ရုန်းကန်ခဲ့ရတာဖြစ်တယ်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း ဒါကိုအသိမှတ်ပြုထားတာဖြစ်တယ်။ အဲ့တာကို ကျွန်မတို့နိုင်ငံက အစိုးရကလည်း ဟုတ်တယ်လို့ယူဆပြီး လက်မှတ်ထိုးထားတာဖြစ်တယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ အခုလာမယ့် မတ်လ ၈ ရက်နေ့ကျလို့ရှိရင် ကမ္ဘာ့ကုလသမဂ္ဂမှာရှိနေတဲ့အထွေထွေအတွင်းရေးမှူးကို စာရေးပြီးတော့ တောင်းဆိုပြီး ပြုပြင်လို့ရပါတယ်လို့ ၊ဒါကြောင့်မို့လို့ အလေးအနက်ထားပေးဖို့ မတ်လ ၈ ရက်နေ့ကို " ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီမှ ဒေါ်နိုးနိုးထက်စံကပြောဆိုလိုက်သည်။

CEDAW စာချုပ် အပိုဒ် (၂၉)ကို ချွင်းချက်မထား လက်မှတ်ရေးထိုးရေးအတွက်မြန်မာနိုင်ငံအစိုးရအားတောင်းဆိုသည့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ရန်ကုန်မြို့ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်ရုံးတွင် မတ် ၅ ရက်နေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး သဘောတူညီချက်စာချုပ် (CEDAW) ကို လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက လက်မှတ် ရေးထိုးထားသော်လည်း အဆိုပါ အပိုဒ် (၂၉) ကို လက်ရှိအချိန်အထိလက်မှတ်ရေးထိုးထားခြင်းမရှိသေးခြင်းလည်းဖြစ်သည်။

 အလားတူ လက်မှတ်ရေးထိုးထားသော်လည်း လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း မြန်မာအမျိုးသမီးများ၏ အခွင့်အရေး၊ အခြေအနေမှာ သိသိသာသာတိုးတတ်လာခြင်းမရှိသေးကြောင်းလည်း အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြသည်။

 ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် လူအခွင့်အရေးနှင့် ဒီမိုကရေစီထွန်းကားရေး လုပ်ဆောင်ရာတွင် အမျိုးသမီးအခွင့်အရေးစာချုပ်ကို ချွင်းချက်မဲ့လက် မှတ်ရေးထိုးပေးရန်  တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...