KIA နယ်မြေအတွင်းရှိ တပ်မတော်စစ်ကြောင်းများ ရှိနေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ဟု KIA ဆို

KIA နယ်မြေအတွင်းရှိ တပ်မတော်စစ်ကြောင်းများ ရှိနေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ဟု KIA ဆို
by -
ဇေယျာမော်

KIA ထိန်းချုပ်နယ်မြေများ အတွင်းရှိ အစိုးရတပ်မတော်စစ်ကြောင်းများ ရှိနေခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

လက်ရှိအခြေအနေတွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်နေခြင်းမရှိသော်လည်း ကေအိုင်အေ တပ်ရင်း ၁၄ နှင့် တပ်မဟာ(၁) ဒေသများဖြစ်သည့် ဆွမ်ပရာဘွမ်၊ ပူတာအို နှင့် တနိုင်းဒေသများတွင် တပ်မတော်စစ်ကြောင်းများ ရှိနေခြင်းကြောင့် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုခြင်းဖြစ်သည်။

"အခုသုံးလေးရက်အတောအတွင်းမှာတော့ ပြင်းပြင်းထန်ထန် ကြီးကြီးကျယ်ကျယ် တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ ဒါပေမယ့် တပ်မဟာ(၁) ပူတာအို ဆွမ်ပရာဘွမ် လမ်းတကြောမှာ တပ်မတော်ဘက်က စစ်ကြောင်းတွေထိုးထားတာတော့ အများကြီးရှိပါတယ်။ ပြန်ဆုတ်တာမရှိဘူး၊ တိုက်ပွဲက အချိန်မရွေးပြန်ဖြစ်နိုင်တယ်" ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းခန့်က မြစ်ကြီးနား- ပူတာအို  လမ်းပေါ်ရှိ တံတားအချို့ကို KIA ဘက်မှ ဖျက်ဆီးခဲ့ပြီး ယင်းသို့ ဖျက်ဆီးခြင်းသည် စစ်ရေးအရ ဖြစ်သည်ဟု KIA ဘက်က ပြောဆိုထားသည်။ ထို့သို့ လမ်းတံတားများ ပျက်ဆီးမှုကြောင့် ပူတာအိုတွင် စားနပ်ရိက္ခာနှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လျက် ရှိသည်။

"စစ်ကြောင်းတွေထိုးလာတဲ့အခါကျတော့ စစ်ရေးအနှောက်အယှက်ပေးတဲ့သဘောမျိုးနဲ့ ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ စစ်ရေးတွေငြိမ်ရင်တော့ တံတားတွေပြန်ဆောက်ဖို့ ကျွန်တော်တို့ဘက်ကအဆင့်သင့်ဖြစ်ပါတယ်။ဒါပေမယ့်စစ်ကြောင်းတွေ အများကြီးထိုးလာတဲ့အတွက် ကျွန်တော်တို့က အနှောက်အယှက်တော့ ပေးရမှာ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့တွင် KIA နှင့် အစိုးရ၊ တပ်မတော် တာဝန်ရှိသူများ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် တနိုင်းဒေသတွင် ရှိနေသည့် KIA တပ်ရင်း ၁၄ အပါအဝင် တပ်စခန်းများကို ဖယ်ရှားပေးရန် အစိုးရ တပ်မတော်က တောင်းဆိုထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...