အမျိုးသားအဆင့် ရေအရင်းမြစ်စီမံခန့်ခွဲရေးဥပဒေ အမြန်ဆုံးပေါ်ထွက်လာစေရေး ပြည်သူများ တိုက်တွန်းသင့်ဟု ဆို

အမျိုးသားအဆင့် ရေအရင်းမြစ်စီမံခန့်ခွဲရေးဥပဒေ အမြန်ဆုံးပေါ်ထွက်လာစေရေး ပြည်သူများ တိုက်တွန်းသင့်ဟု ဆို
by -
မျိုးပြည့်သင်း

အမျိုးသားအဆင့်ရေအရင်းမြစ်စီမံခန့်ခွဲရေးဥပဒေ အမြန်ပြဌာန်းနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့် တောင်းဆိုတွန်းအားပေးရမည်ဖြစ်ကြောင်း ဦးခင်မောင်လွင်(ဂုဏ်ထူးဆောင်ပါမောက္ခ)က မတ်လ ၃ ရက်နေ့တွင်၊ ရန်ကုန် Book Plaza ၌ ပြုလုပ်သည့် ရေအရင်းမြစ်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသော သောက်သုံးရေအကြောင်း စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၄င်းဆွေးနွေးပွဲတွင် ရေအရင်းမြစ်ဆိုင်ရာနှင့် သန့်ရှင်းသောသောက်သုံးရေဆိုင်ရာများကို Myanmar Green Networkမှ ဒေါ်ဒေဝီသန့်စင်၊ ဦးခင်မောင်လွင်(ဂုဏ်ထူးဆောင်ပါမောက္ခ)နှင့် ပွဲစီစဉ်သည့် Info Digest Journal မှ အယ်ဒီတာ ဦးဟန်ဇော်တို့ ပါဝင်ဆွေးနွေးခဲ့သည်။

"အခုထက်ထိလည်းပဲ မူကြမ်းက ဥပဒေပုဒ်မတွေအထိမဆင်းနိုင်သေးဘူး အပိုင်း အခန်းကဏ္ဍလောက်ပဲ ရှိသေးတော့ နိုင်ငံတော်ကတော့မျှော်လင့်နေပြီ ။ လူကြီးတွေကတော့ဖြစ်စေချင်နေပြီ။ ဒါပေမယ့် အရေးကြီးဆုံး အချိန်ပေးရမှာ ပညာရှင်တွေမဟုတ်ဘူး ပြည်သူလူထုဖြစ်တယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်"ဟု ဦးခင်မောင်လွင်(ဂုဏ်ထူးဆောင်ပါမောက္ခ)က ပြောသည်။

ရေအရင်းမြစ်ဟုဆိုရာတွင် မြစ်၊ ချောင်း၊ အင်း၊ အိုင် များနှင့် နှင်းတောင်၊ နှင်းခဲ၊ ရေခဲမြစ်စသည်များ ပါဝင်နေသည်ဟု ဦးခင်မောင်လွင်က ပြောသည်။

ရေအရင်းအမြစ်ရေရှည်ထိမ်းသိမ်းနိုင်ရန်အတွက် ရေကိုချွေတာသုံးစွဲခြင်း၊ သုံးစွဲနေသည့် ရေအရည်အသွေးကို သိရှိထားခြင်း၊ ရေရရှိရာပင်ရင်းနေရာတွေကိုစောင့်ရှောင့်ခြင်း၊ ရေနှင့်ပတ်သတ်၍ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည်များကို လေ့လာခြင်း စသည်တို့ကို ဆောင်ရန်အနေဖြင့် လိုက်နာပေးကြရန် လိုကြောင်း သိရသည်။

"ရှင်းရှင်းပြောရင်တော့ ရေမူဝါဒဆိုတာ အိန္ဒိယတို့ဘာတို့မှာ ၁၉၈ရခုနှစ်လောက်ကတည်းကလုပ်နေတာ တရုတ်ပြည်ဆို ၁၉၈၈ပေါ့နော် ။ နောက်ဘရာဇီးတော့ဘာတို့အကုန်လုံးဆိုတော့ ဒေါ်လေးတို့က အဘက်ဘက်ကနိမ့်ကျနေတယ် ။ အခုမှပထမဆုံးလှေကားထစ်ကိုစနင်းရသလိုဖြစ်နေတယ်"ဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆောင်ရွက်နေသည့် Myanmar Green Network မှ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

လက်ရှိတွင် မြန်မာအမျိုးသားရေဥပဒေကို ၂၀၁၄ခုနှစ်မှ စတင်ရေးဆွဲနေပြီး ၂၀၁၅ခုနှစ်ဖေဖော်ဝါရီလ၌ ဥပဒေမူကြမ်းကို အပြီးသတ်နိုင်ခဲ့ကာ ၄င်းနောက် မူကြမ်းကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်၍ ဆက်လက် လုပ်ဆောင်နေသည်။

၂၀၁ရခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များ၌ မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည့် အာရှပစိဖိတ်ဒေသ သုံးကြိမ်မြောက်ရေညီလာခံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရေအရင်းမြစ်နှင့်ပတ်သတ်သည့် စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းနှင့် အကြံဉာဏ်များကို ၄င်းညီလာခံမှ မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ရေအရင်းမြစ်၏ ၂၁ရာခိုင်နူန်းကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ ၂၀၁၆ခုနှစ် အာရှရေဖွ့ံဖြိုးမှုရူမြင်ခင်း၌ အာရှဒေသရှိ လူဦးရေ ၁.ရဘီလီယံသည် အခြေခံရေမရရှိကြကြောင်း ဖော်ပြထားသည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...