လက်ရှိအစိုးရ၏ လုပ်ငန်းများသည် ယခင်အစိုးရ၏ လုပ်ငန်းလမ်းကြောင်းကိုသာ အခြေခံကြောင်း ချင်း USDP ဥက္ကဌဆို

လက်ရှိအစိုးရ၏ လုပ်ငန်းများသည် ယခင်အစိုးရ၏ လုပ်ငန်းလမ်းကြောင်းကိုသာ အခြေခံကြောင်း ချင်း USDP ဥက္ကဌဆို

လက်ရှိချင်းပြည်နယ်အစိုးရရဲ့လုပ်ငန်းဆောင်ရွက်နေမှုများသည် ယခင်ဦးသိန်းစိန်အစိုးရခေတ်က ဆောင်ရွက်ခဲ့သည့် လမ်းကြောင်းအပေါ်အခြေခံခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌဒေါက်တာမှုထန်းကပြောသည်။

ဒေါက်တာမှုထန်း က“ဒီအစိုးရအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်တာကလည်း အများကြီးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရဆောင်ရွက်ခဲ့တဲ့ လမ်းကြောင်းကိုပဲ လိုက်လုပ်တာများတယ်။ ဟားခါးကောလိပ်ရတာမျိုးဆိုရင်လည်း ဦးသိန်းစိန်ခေတ်ကပေးထားတဲ့ဟာဖြစ်တယ်။ တစ်ချို့က ဒီအစိုးရသစ်လက်ထက်မှာ လုပ်သလိုလိုပြောတာမျိုးလည်းရှိတာကိုး။ ဘာပဲပြောပြော လူမှုဘဝဖွံ့ဖြိုးရေးလို့ပြောရင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအများကြီးပါတာကိုး။ အဲဒီဟာတွေအပေါ် အခုအစိုးရလည်း ဦးသိန်းစိန်လုပ်ဆောင်ခဲ့တဲ့ဟာတွေအပေါ် သွားတာပေါ့” ဟုပြောသည်။

အစိုးရသစ်လက်ထက် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ရာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကို တစ်နှစ်အတွင်း များစွာအကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားခဲ့သော် လည်း ဒေါက်တာမှုထန် မှ လုပ်ငန်းဆောင်ရွက်မှုတွေ နှောင့်နှေးနေတုန်းပဲဟုပြောသည်။

ဒေါက်တာမှုထန်းက “ ဘာကြောင့်လဲဆိုတော့ ပထမလွှတ်တော်သက်တမ်းက အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ခြေလှမ်းတာဖြစ်တယ်။ အုပ်ချုပ်မှုစနစ် တစ်ခုကနေ နောက်စနစ်တစ်ခုကို ဖြတ်သန်းရတာဖြစ်တဲ့အတွက် တကယ်မလွယ်ဘူး။ ဒါတွေကို ချောချောမောမောနဲ့လုပ်နိုင်ခဲ့တယ်။ အဲဒီအပြင် ကျွန်တော်တို့နိုင်ငံအတွက် လူမှုဘဝဖွံ့ဖြိုးရေးကိုဦးစားပေးပြီး လမ်းတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ လျှပ်စစ်တွေ၊ ရေ၊ မီးကိစ္စတွေအများကြီးသူတို့သက်တမ်းမှာလုပ်နိုင်ခဲ့တယ်။ ကားတွေသွားလို့မရတဲ့ကျေးရွာမှာဆိုရင်လည်း အနည်းဆုံးဆိုင်ကယ် သွားလို့ရအောင် လုပ်ပေးနိုင်ခဲ့တယ်၊ နောက်တစ်ခုက လက်ရှိအစိုးရလုပ်ငန်းက အရမ်းနှေးတယ်လို့ထင်တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်ကတော့ တင်ဒါတွေဆိုရင် ဧပြီ၊ မေလမှာပြီးပြီး။ အခုက သြဂုတ်၊ စက်တင်ဘာ လောက်မှပြီးတော့ တကယ်အလုပ်လုပ်ချိန်ဘယ်ရှိတော့မလဲ”  ဟုပြောသည်။

လက်ရှိအစိုးရဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါက်ထာမှုထန်က သူ၏အမြင်ကို ယခုလိုပြောသည်။

“အခုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပြောရမယ်ဆိုရင် ဦးသိန်းစိန်အစိုးရသာ ဆက်လုပ်ခဲ့ရင် အခုလောက်ဆို အတော်လေးပြီးလောက်ပြီလို့ ကျွန်တော်ကထင်ထားတာ။ အခုက အစကနေပြန်စသလိုဖြစ်တယ်။ အခုက ဒီမိုကရေစီကို ဖက်ဒရယ်ပြည်ထောင်စုသွားဖို့အများကြီးခြေလှမ်းနိုင်ခဲ့တယ်” ဟုသူကပြောသည်။

လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စနဲ့ပတ်သက်ပြီး ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးကို ဆန္ဒထုတ်ဖော်မှုတွေ အရင်အစိုးရသက်တမ်းကတည်းက ရှိနေဆဲဖြစ်ပြီး အဆိုအပါဖြစ်ရပ်အပေါ် ဒေါက်တာမှုထန်းက ယခုဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဒီမိုကရေစီလမ်းကြောင်းကို စခြေလှမ်းနိုင်သည်ကို မမေ့သင့်ကြောင်း သူကပြောသည်။

ဒေါက်တာမှုထန်း က“ဒီဥပဒေကြောင့် လွတ်လွပ်လပ်လပ်ပြောဆိုလာနိုင်တယ်။ နိုင်ငံရေးတွေလုပ်လာနိုင်တာဖြစ်တယ်။ အဲဒီ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကောင်းကောင်းလေ့လာရင် ဖက်ဒရယ် အစိတ်အပိုင်းအများကြီးတွေ့ရမှာဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မပြင်နိုင်စရာမရှိဘူး။ တပ်မတော် ၂၅ ရာခိုင်နှုန်းပါတယ်ဆိုပြီးပြောကြပေမယ့် မဆိုင်ပါဘူး။ ပြင်လို့ရတာအများကြီးပဲ။ အဲဒါကို အရင်ပြင်ရမှာဖြစ်တယ်။ အရင်းကနေဖြတ်ရမယ်ဆိုရင်တော့ ဘယ်ရမလဲ” ဟုပြောသည်။

ဒေါက်တာမှုထန်းသည် လက်ရှိ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖြစ်သကဲ့သို့ ထန်တလန်မြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...