၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဧပြီလကုန်(သို့) မေလဆန်းတွင် ကျင်းပမည်

၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဧပြီလကုန်(သို့) မေလဆန်းတွင် ကျင်းပမည်
by -
ဇေယျာမော်

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးအား ဧပြီလကုန် (သို့မဟုတ်) မေလဆန်းတွင် ကျင်းပရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သဘောတူညီမှု ရရှိခဲ့သည်။

အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့သည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အား ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

"ဒီနေ့အစည်းအဝေးဆုံးဖြတ်ချက်မှာ အဓိကအရေးကြီးဆုံး ဆုံးဖြတ်ချက် ချမှတ်နိုင်တာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဧပြီလကုန် မေလဆန်းမှာ ကျင်းပဖို့  ဆုံးဖြတ်နိုင်ခဲ့ပါတယ်" ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က အစည်းအဝေးအပြီးတွင် ပြောဆိုခဲ့သည်။

၂၁ ရာစုပင်လုံ အစည်းအဝေးအား ဇန်နဝါရီ လကုန်ပိုင်းတွင် ကျင်းပရန် သတ်မှတ်ထားခဲ့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ၊ လူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် အဆင်မပြေမှု မပြေလည်မှုများ ရှိခဲ့ခြင်းကြောင့် ၂၁ ရာစုပင်လုံ ကျင်းပရန် ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့က ကျင်းပည့် JICM အစည်းအဝေး ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် NCA စာချုပ်၌ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ က NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ(NMSP) ၏ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပရန် သဘောတူညီမှု ရရှိခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိုမူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသသည့် အခြေအနေများကြောင့် အစိုးရဘက်က ခွင့်ပြုခဲ့ခြင်းမရှိပေ။

ယင်းအပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေရာ နှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရာတွင် တားမြစ်ခံရသည့် ကိစ္စများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) နှင့် အစိုးရအကြား ဆွေးနွေးမှုမှာ ပြတ်သားသည့် သဘောတူညီချက် ရရှိခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

RCSS အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ မကျင်းပမီ လူထုတွေ့ဆုံပွဲများ အရင်ပြုလုပ်သွားမည် ဆိုသည့် မူဝါဒ ချမှတ်ထားသော်လည်း အစိုးရ ၊ တပ်မတော် ၊ လွှတ်တော်အစုအဖွဲ့က လူထုတွေ့ဆုံပွဲများ ကျင်းပခြင်းကို ခွင့်ပြုထားခြင်း မရှိသေးပေ။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...