ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပအိုဝ်းတိုင်းရင်းသားများ ဆက်လက်ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပအိုဝ်းတိုင်းရင်းသားများ ဆက်လက်ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
by -
ဇေယျာမော်

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပအိုဝ်းတိုင်းရင်းသားများ ဆက်လက်ပါဝင်ကြိုးပမ်း ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ မတ်လ ၁ နေ့ တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောဆိုထားခြင်းလည်း ဖြစ်သည်။

"ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကျေးရွာတွေမှာ ကြေးစည်သံ နဲ့ မောင်းသံတွေ ဝေစည်နေသလို ကျွန်မတို့ရဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့ လျှောက်လှမ်းရာခရီးလမ်းပေါ်မှာလည်း ငြိမ်းချမ်းရေး တေးသံများ ယခုထက်မက ဝေစည်လာဖို့အတွက် ပအိုဝ်းတိုင်းရင်းသားအားလုံးကလည်း ဆက်လက် ပါဝင်ကြိုးပမ်းအားထုတ်ပေးကြပါလို့ တိုက်တွန်းပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာထဲတွင် ရေးသားထားသည်။

ယင်းအပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အား ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာထဲတွင် အသိအမှတ်ပြုပြောဆိုထားသည်။

ပအိုဝ်းတိုင်းရင်းသားများသည် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ် ၊ ဆီဆိုင်မြို့နယ်များ တွင် အများစုနေထိုင်ကြပြီး ယင်းဒေသအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။

ပအိုဝ်းတိုင်းရင်းသားများ အလေးအမြတ်ပြုရာ သူရိယစန္ဒာမင်းကြီး၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့အား ပအိုဝ်းအမျိုးသားနေ့အဖြစ် ၁၉၄၈ ခုနှစ် မှ စတင်ပြီး သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။

 

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...