အပစ်ရပ်လက်မှတ်ထိုးရေး အစိုးရ နဲ့ KNPP သီးသန့်ဆွေးနွေးရန် စီစဉ်ထား

အပစ်ရပ်လက်မှတ်ထိုးရေး အစိုးရ နဲ့ KNPP သီးသန့်ဆွေးနွေးရန် စီစဉ်ထား
by -
ဇေယျာမော်

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး သီးသန့်ဆွေးနွေးရန် မတ်လဆန်းတွင် စီစဉ်ထားသည်ဟု သိရသည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဌာနချုပ် ၌ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ တွင် ကြိုတင်ဆွေးနွေးနေပြီး ယင်းဆွေးနွေးပွဲပြီးမှသာ အတိအကျသိရှိရမည်ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ဆိုသည်။

"အဲ့ဒါ ကျွန်တော်ကြားတယ်။ ဒီနေ့ ဗဟိုဌာနချုပ်က အရေးပေါ်အစည်းအဝေးကို နယ်စပ်မှာ လုပ်နေတယ်။ အစည်းအဝေးက သုံးရက် လုပ်နေတယ်။ ပထမ ကျွန်တော်ကို ပြောထားတာက သူတို့ ၆ ရက်နေ့ လာမယ်။ ၇ ရက်နေ့ ရန်ကုန်သွားမယ်လို့ ပြောတယ်။ နောက်တော့ အစည်းအဝေးပြီးမှ သေချာပြန်ပြောမယ်ဆိုပြီး အကြောင်းပြန်တယ်" ဟု ခူညေးရယ်က ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထံ အစိုးရဘက်မှ ကမ်းလှမ်းထားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) အား လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ လက်မှတ်ရေးထိုးခဲ့သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...