အာဆီယံ၏ အရေးပါသည့် စီးပွားရေးဇုန်ဖြစ်လာနိုင်မည့် ပလက်ဝတွင် စီးပွားရေးဇုန်ဖန်တီးမည်

အာဆီယံ၏ အရေးပါသည့် စီးပွားရေးဇုန်ဖြစ်လာနိုင်မည့် ပလက်ဝတွင် စီးပွားရေးဇုန်ဖန်တီးမည်

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဆီယံ၏ အရေးပါမည့် စီးပွားရေးဇုန်ဖြစ်လာနိုင်မည့် စီးပွားကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူစေရန်အတွက် စီးပွားရေးဇုန် ဖန်တီးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ဖေဖော်ဝါရီလ (၂၅) နေ့တွင် ပြောသည်။

ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က“ ပလက်ဝမြို့နယ်မြေဧက ၁၆၅ ကနေ ကျွန်တော် ၃၇၀၀ ဧကထိ ပြန်ချဲ့ထားတယ်၊ အဲဒီမှာ စက်မှုလက်မှုသင်တန်းကျောင်းတွေပါမယ်၊ နောက်ပိုင်းကျရင်တော့ ပင်လယ်ထွက်ပေါက်ဖြစ်အောင် ကျွန်တော်မျော်မှန်းထားတယ်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ ကားလမ်းကောင်းကောင်းပေါက်လာရင်အဲကနေ ကုန်တွေစီးဆင်းမယ်။ အဓိကတော့ အာဆီယံဖက် အထိ ထွက်ချင်တာဖြစ်တယ်။ အာဆီယံ စီးပွားရေးဇုန် ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်က အဆိုပါအကြောင်းကို ချင်းမီဒီယာ ကွန်ယက်မှ ကလေးမြို့ (GBH) hotel တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် မီဒီယာများကို ပြောဆိုခြင်းဖြစ်သည်။

ဝန်ကြီးက ဆက်ပြီး “ဟားခါးနှင့် ဖလမ်းတို့မှာ လုပ်လို့မရဘူး၊ ခိုင်ကမ်းမှာတော့ လုပ်ဖို့ကြိုးစားတယ်၊ အဲတာကြောင့် ခိုင်ကမ်းမှာ သိုလှောင်ဇုန်တစ်ခု တည်ဆောက်ဖို့ကြိုးစားနေတယ်၊ ခိုင်ကမ်းမှာ ကျွန်တော်တို့လုပ်ရင် စျေးကွက်ကို ကျွန်တော်တို့ ထိန်းနိူင်တော့မယ်၊ ဖလမ်း၊ တီးတိန်ဖက်က သစ်သီးများဆင်းလာမယ်၊ ဘယ်နေရာပို့ပို့ ကျွန်တော်တို့ စျေးကွက်ကို ထိန်းနိုင် တော့မယ်” ဟု ဆက်ပြောသည်။

ပလက်ဝမြို့သည် အိန္ဒိယနိူင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိူင်ငံတို့၏ နယ်စပ်ကုန်သွယ် ရေးအတွက် အဓိကအချက်အချာကျသည့်မြို့ဖြစ်ပြီး လက်ရှိတွင်လည်း ဆိပ်ကမ်းတစ် ဆောက်လျက်ရှိသည်။

May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...