ကလေးမြို့နယ်တွင်းရှိ ရာဇဂြိုဟ်တမံ၌ ရေအားလျှပ်စစ်သွယ်တန်းနိုင်ရန် 66 KV Single Circuit Transmission Line မတ်လအတွင်း အပြီးစီးတည်ဆောက်မည်

ကလေးမြို့နယ်တွင်းရှိ ရာဇဂြိုဟ်တမံ၌ ရေအားလျှပ်စစ်သွယ်တန်းနိုင်ရန် 66 KV Single Circuit Transmission Line မတ်လအတွင်း အပြီးစီးတည်ဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းတည်ရှိသည့် ရာဇဂြိုဟ်တမံ၌ လျှပ်စစ်မီးသွယ်တန်း နိုင်ရေးအတွက် 66 KV Single Circuit Transmission Line တည်ဆောက်ခြင်း လုပ်ငန်း၂၀၁၈ ခုနှစ် မတ်လအတွင်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအကြောင်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၂၁) ရက်နေ့တွင် ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးက ကလေး မဲဆန္ဒနယ်၏ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဘက်စုံ ရေလှောင်တမံ အား ပြန်လည်ပြုပြင်ပေးရန် အစီစဉ်ရှိ ၊ မရှိ မေးမြန်းခဲ့သည့်အပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီး ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်ရန် ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒု-ဝန်ကြီး ဦးလှကျော်က “ ရာဇဂြိုဟ်ကျေးရွာ ရေလှောင်တမံကို ၂၀၁၅ ခုနှစ် မတ်လတွင် တည်ဆောက်ခဲ့သော်လည်း ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း(ကိုမန်)၏အရှိန်နှင့် မြေပြိုမှု များဖြစ်ပွား ချိန်တွင် သဘာဝချောင်းအား မြေစာပုံများ ပိတ်ဆို့ခဲ့သည့်အတွက် တောင်ပေါ်ရေကန် (မြေပြိုကန်) များ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လဆန်းတွင် နေရ ဉ္ဇရာချောင်းဖျားရှိ ဟန်ကင်ရွာအနီး တောင်ပေါ်ရေ ကန် (မြေပြိုကန်) ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ရာ သဲနုန်းများ ထပ်မံစီးဝင်မှု ကြုံတွေ့ခဲ့ရပါကြောင်း၊ တမံအတွင်း သဲနုန်းနှင့် သစ်လုံးများ ထပ်မံ ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် တမံ၏ အထက်ဘက် ၃ မိုင်ခွဲခန့်အကွာတွင် နုန်းဖမ်းဆည်တစ်ခု၊ ၁ မိုင်ခွဲခန့်အကွာတွင် သစ်လုံးကာတန်း (Long Boom) တစ်ခုတို့ကို တည်ဆောက် ကာကွယ်ပေးထား ရပါကြောင်း၊ ရေအားလျှပ်စစ်စက်ရုံနှင့် ဆက်စပ်လုပ် ငန်းများ တည်ဆောက်ပြီးစီးသဖြင့် စက်စမ်းသပ်လည်ပတ် ရန် ရေယူအဆောက်အဦ၏ ရေဝင်လမ်းကြောင်း ပွင့်စေရန် သဲနုန်းများနှင့် သစ်လုံးများကို နည်းစုံလမ်းစုံ နှင့် တူးဖော်ဖယ်ရှား ရှင်းလင်းခဲ့ရပါကြောင်း၊ ရေဝင်လမ်းပွင့်သွားပြီးနောက် ရေအားလျှပ်စစ် စက်ရုံ စမ်းသပ်လည်ပတ်ခြင်း လုပ်ငန်းတွေကို အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီး ဌာနအနေဖြင့် ကလေးမြို့မှ ရာဇဂြိုဟ်တမံကို 66 KV Single Circuit Transmission Line တည်ဆောက်သွယ်တန်းခြင်းလုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်ပါကြောင်း” ဖြေကြားခဲ့သည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...