ဖလမ်းမြို့ပေါ် ရေပေးဝေရေးလုပ်ငန်းအရည်အသွေး ပြည့်မီခြင်းရှိမရှိ အသေးစိတ် စစ်ဆေးနိုင်ရန် မကြာမီစာထွက်မည်

ဖလမ်းမြို့ပေါ် ရေပေးဝေရေးလုပ်ငန်းအရည်အသွေး ပြည့်မီခြင်းရှိမရှိ အသေးစိတ် စစ်ဆေးနိုင်ရန် မကြာမီစာထွက်မည်

Authentic ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့တွင်းသို့ရေပေးဝေရေးလုပ်ငန်း အရည်အသွေးပြည့်မီခြင်းရှိမရှိနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ (၉) ရက်နေ့မှသာ ပြည်နယ်တီကော်မှ အတည်ပြုကြောင်း အကြောင်းပြန်သဖြင့် မကြာမီ စစ်ဆေးခွင့်စာ ကိုအကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်ကပြောသည်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က “ တကယ်တော့ Consultant ကုမ္ပဏီ ဖြစ်တဲ့ WWW ကုမ္ပဏီနဲ့ စာချုပ်ချုပ်ကတည်းက over all controlling လုပ်ဖို့ပါပြီးသားပါ၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ လုပ်တဲ့အစည်းအဝေးမှာလည်း ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း controlling လုပ်ပေးဖို့ ထပ်ပြောပြီးသား၊ နောက်တစ်ခုကတော့ Consultant ကအစိုးရ Consultant ဆိုတော့သူဟာနဲ့သူ အစိုးရမသိပဲနဲ့ သူဟာသူလျှောက်လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ဒီဇိုင်းကို ပြည်နယ်တီ ကော်က ဖေဖော်ဝါရီလ (၉) ရက်နေ့မှာ အတည်ပြုပေးတာ၊ သူတို့အတည်ပြုချက် အသေးစိတ်ကို Control လုပ်ရမှာ၊ မကြာခင် စာလည်းထုတ်ပေးမယ်” ဟု ပြောသည်။

လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့တွင်းသို့ရေပေးဝေရေး လုပ်ငန်းအရည်အသွေးပြည့်မီခြင်းရှိ မရှိစိစစ်ရန် အစိုးရထံ စာတင်ဖို့ မည်သည့်အကြောင်းကြားစာ မရကြောင်းနှင့် Consultant ကိုငှားခ အခကြေးငွေလည်း ယနေ့အထိ မရသေးကြောင်း ဖေဖော်ဝါရီလဆန်းပိုင်းက WWW ကုမ္ပဏီမှ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

WWW ကုမ္မဏီ၏ တာဝန်ခံ အင်ဂျင်နီယာ ကို အောင်ခက “ကျွန်တော်တို့ကတော့ နှစ်ရက်တစ်ခါတို့၊ သုံးရက်တစ်ခါတို့ စစ်ဆေးနေတယ်၊ အစိုးရအဖွဲ့က consultant ကိုဌားတဲ့ ငွေကိုတောင်းတာ သုံးလလောက်ရှိပြီ အခုထိမရသေးဘူး၊ ပြီးတော့ consultant အတွက် တစ်လ (၆၆) သိန်းသဘောတူ တယ်ဆိုတာကလည်း အခုထိမရသေးဘူး၊ လစာလည်းမရဘူး၊ စစ်ဆေးဖို့ရန်အတွက် အစိုးရကို စာတင်ဖို့ဆိုတဲ့ အကြောင်းကြားစာလည်း မရဘူး” ဟု ပြောခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က “အရင်က သိန်း ၉၀၀ ကျော်နဲ့စာချုပ်ချုပ်ထားပြီးသား။ သို့သော် သူတို့က မလုပ်နိူင်ပါဘူး ဆိုပြီးပြန်ငြင်းနေတယ်၊ သူတို့ တစ်လကို ၆၆ သိန်းပြန်တောင်းနေတယ်၊ အဲတာကိုလည်း အစိုးဘက်က သဘောတူပြီးသားပါ၊ အဲဒီသဘောတူညီမှုမှာတင် သူတို့မှာ Over all Control လုပ်ဖို့ပါပြီးသားတော့ဖြစ်တယ်။ ဇန်နဝါရီလ (၃) ရက်နေ့က အသေးစိတ် ဘာတွေစစ်ရမယ်။ ဘယ်လိုတွေ စစ်ပေးရမယ်ဆိုတာကို ရေးခဲ့ပါဆိုပြီး အစိုးရအဖွဲ့က စာထွက် ထားပြီးသား။ အဲဒါကို ကုမ္ပဏီက ဘာမှအကြောင်းမပြန်ဘူး။ အကြောင်းမပြန်ပဲနဲ့ သူတို့ ဘာပြောသလဲဆိုတော့ အစိုးရက စာမထုတ်ပေး ဘူးလို့ပဲပြောနေတာ၊” ဟုပြောသည်။

ရေသွယ်ယူမှုနှင့်ပတ်သက်ပြီး WWW ကုမ္ပဏီ အင်ဂျင်နီယာများမှ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိရကြောင်း ဖလမ်းမျိုးနွယ်စောင့်ရှောက်ရေးအဖွဲ့ထံသို့ အင်ဂျင်နီယာများမှ ပြောဆိုခဲ့သဖြင့် အဆိုပါအဖွဲ့အစည်းမှ လုပ်ငန်းရပ်တန့်ရန် အစိုးရအဖွဲ့ထံ စာတင်ခဲ့ခြင်းဖြစ်သည်။

လိုင်ဗားရေလှောင်တမံမှ ဖလမ်းမြို့တွင်း သို့ရေပေးဝေနိုင်ရန်အတွက် ကျပ်သိန်း ၅၅၀၀၀ အကုန်ကျခံ ဆောက်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းစာချုပ်အရ Authentic Company အနေဖြင့် ယခုနှစ်မတ်လအတွင်း အပြီးတည်ဆောက်ရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လုပ်ငန်းရပ်တန့်ထားကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...